အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တော်လှန်ရေး ဒရုန်းကုန်ကြမ်းဂိုဒေါင်ကို ထိုင်းရဲတပ်ဖွဲ့ စီးနင်း

ဝေဟင်မှ ဗုံးသီးပစ်ချသည့်နည်းဖြင့် စစ်ကောင်စီကို ဒုက္ခကောင်းကောင်းပေးနေသည့် ဒရုန်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည်ဟု ယူဆရသော ကုန်ကြမ်းများသိုလှောင်ရာနေရာတစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဩဂုတ် ၃၁ ညနေပိုင်းတွင် ဝင်ရောက်စီးနင်းသည်ဟု သိရသည်။

လောင်းကစားဝိုင်းများကြောင့် နာမည်ကြီးသည့် မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ် ရွှေကုက္ကိုလ်ရွာ တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ မြောက်ဘက် ၁၇ မိုင်ခန့်အကွာ မဲ့ကစာရွာရှိ နေအိမ်တစ်လုံးတွင် လေယာဉ်ငယ် ပုံစံပြုထားသည့် ကိုယ်ထည်ကြမ်းနှင့် ဆက်စပ်ပစ္စည်းများကို ထိုင်းအာဏာပိုင်များက သိမ်းဆည်းသွားသည်။

ထိုအိမ်တွင် ရှိနေသည့် အမျိုးသား ၇ ဦး အဖမ်းခံရပြီး ၃ ဦး ပြန်လွတ်လာသည်၊ မဲဆောက်ထောင်၌ ဆက်လက်ချုပ်နှောင်ခံထားရသူတို့ကို ထိုင်းက တရားစွဲရန် စီစဉ်နေသည်ဟု ကရင်ပြည်နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“(ရွာ) သူကြီး တိုင်တာလို့ ပြောတယ်။ မသင်္ကာလို့ ဝင်စစ်တဲ့အချိန်မှာ အဖမ်းခံလိုက်ရတာ။ သုံးယောက်က ပြန်လွတ်လာတယ်။ သုံးယောက်က အိမ်ထဲမှာ မိတာမဟုတ်ဘဲ လမ်းမှာ မိတာဆိုတော့ မသက်ဆိုင်ဘူးဆိုပြီး လွှတ်ပေးလိုက်တယ်” ဟု သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အဲဒီမှာ ထုတ်လုပ်ရေးမလုပ်ဘူး။ ပစ္စည်းသိုလှောင်ထားတဲ့နေရာပေါ့။ အပြည့်အစုံမထားဘူး။ တစ်ခုချင်းစီပဲ ထားတာ”

ဆက်လက်ဖမ်းဆီးခံထားရသူများထဲမှ နှစ်ဦးမှာ အသက် ၁၈ နှစ်၊ ၂၇ နှစ်ဖြစ်ပြီး ကျန်နှစ်ဦးမှာ အသက် ၃၀ ကျော်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ထိုသူများမှာ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို ခုခံနေသည့် တော်လှန်ရေးအဖွဲ့ဝင်များဟုတ်မဟုတ် သီးခြားအတည်မပြုနိုင်သေးပေ။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန် နိုင်ငံအနှံ့ ခုခံနေကြရာတွင် တော်လှန်ရေးအဖွဲ့များက ဗုံးတပ်ဒရုန်းကို ထိထိရောက်ရောက် အသုံးပြုနေရာ စစ်ကောင်စီလက်နက်ကိုင်တို့ မကြာခဏ အထိနာနေသည်။

စက်တင်ဘာ ၃ ရက် ညနေပိုင်းက ကရင်ပြည်နယ်၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဗုံးတပ်ဒရုန်းဒဏ်ကြောင့် စစ်ကောင်စီ ဒေသဆိုင်ရာ အုပ်ချုပ်ရေးနှင့် စစ်ရေးခေါင်သူကြီးများအပါအဝင် ၅ ဦးသေ၊ ၁၁ ဦး ဒဏ်ရာရထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button