အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရေစကြိုက ပျူစောထီးအဖွဲ့ကို တော်လှန်ရေးအဖွဲ့တွေ ဘယ်လိုတိုက်ခိုက်ခဲ့သလဲ

ယနေ့ (သြဂုတ် ၂၅) နံနက်ပိုင်းက မကွေးတိုင်း ရေစကြိုမြို့နယ်တွင် တော်လှန်ရေးအဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် ပျူစောထီးအဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ စစ်တပ်က လက်နက်ပေးထားသည့် အရပ်သားလက်နက်ကိုင် ပျူစောထီးအဖွဲ့၏ လှုပ်ရှားမှုအကြောင်း ကြိုတင်သတင်းရ၍ ပခုက္ကူ- ရေစကြို ကားလမ်းပေါ်တွင် ချုံခိုတိုက်ခိုက်ခဲ့ရာ အိမ်စီးကားဖြင့် သွားလာသည့် ပျူစောထီး ၆ ဦးလုံး သေဆုံးကာ သေနတ် ၆ လက်လည်း သိမ်းဆည်းရမိသည်ဟု တော်လှန်ရေးအဖွဲ့က ဆိုသည်။ ပျူစောထီး ၆ ဦးမှာ ဂွေးချိုရွာသားများဖြစ်ပြီး ၎င်းတို့ရွာ မြောက်ဘက် ၄ မိုင်ခန့်အကွာ ဆင်ချောင်းရွာသို့ ဦးတည်သွားလာနေစဉ် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။ ထိုတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့် ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း အမှတ် (၉) တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။ မိနစ်ပိုင်းသာ ကြာမြင့်သည့် ပစ်ခတ်မှုအတွင်း ပျူစောထီးများလိုက်ပါလာသည့် မော်တော်ယာဉ်မှာ လုံးဝရပ်တန့်သွားခဲ့ကာ ကားပေါ်တွင် လူ ၆ ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ရုပ်သံဖိုင်တွင် တွေ့ရသည်။

သတင်း – မောင်ရွှေဝါ၊ ဟန်သစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles