အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံ

တောင်ငူထောင်ဖောက်ပြီး အောင်မြင်စွာ လွတ်မြောက်သူများမှာ စစ်သင်တန်းတက်ရောက်ပြီးသူများဖြစ်

ယမန်နေ့ (မေ ၁၈) နံနက် ၁၁ နာရီဝန်းကျင်တွင် အမျိုးသား ၉ဦး၊ အမျိုးသမီး ၁ဦးတို့က တောင်ငူ ထောင်တွင်း အထူးတရားရုံး အချုပ်ခန်းတံခါးကို ရိုက်ဖျက်၍ အစောင့်ရဲများထံမှ သေနတ်လေးလက် လုယူကာ လိုက်လံဖမ်းဆီးသူများကို ပစ်ခတ်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးလာသူများမှာ လွန်ခဲ့သော ၅လ ဝန်းကျင်က ပဲခူးတိုင်းအတွင်း မြို့ပြတော်လှန်ရေး လှုပ်ရှားမှု များအတွင်း ဖမ်းဆီးထားရသည့် PDFများဖြစ်ပြီး စစ်ကောင်စီက အကြမ်းဖက်ပုဒ်မများဖြင့် တရားစွဲ ထားကြောင်း ပဲခူးတိုင်း PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့က တောင်ငူအကျဉ်းထောင်မှ PDFတို့ ထွက်ပြေးနိုင်ခဲ့သည့် ဖြစ်စဉ်အပေါ် “ကျွန်တော်တို့နွေဦး တော်လှန်ရေးမှာ အကျဉ်းထောင်နံရံတွေကို ချိုးဖျက်ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အင်မတန်မှ အားပါတဲ့ ရုန်းကန်သံတစ်ခုပါ”ဟု ပဲခူးတိုင်း PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button