အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန်းတိုင်းဝန်ကြီးချုပ် မကြာမီ ပြန်လည် တာဝန်ထမ်းဆောင်မည်

ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မကြာမီရက်ပိုင်းအတွင်း ပြန်လည်တာဝန်ထမ်းဆောင်တော့မည်ဟု လတ်တလော ယာယီဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

သူ့ကိုကုသတဲ့ဆရာဝန်မဟုတ်တော့ ရက်အတိအကျပြောဖို့တော့ ခက်ပါတယ်၊။ သို့သော် ရက်ပိုင်းအတွင်း ဝန်ကြီးချုပ်ကြီးဟာ တာဝန်ပြန်လည်ထမ်းဆောင်တော့မယ်” ဟု ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသည့် လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ဆိုသည်။

အောက်တိုဘာ ၂၄ ရက်က ရန်ကုန်တွင်ကျင်းပသည့် ပါတီ၊ စုံညီတွေ့ဆုံပွဲအပြီးတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည့်အတွက် ဒေါက်တာဇော်မြင့်မောင် ဆေးကုသရန် ထွက်ခွာသွားသည်မှာ ယနေ့တွင် ၄၅ ရက်ပြည့်ပြီဖြစ်သည်။

မန္တလေးတိုင်းဝန်ကြီးချုပ် သွေးကင်ဆာရောဂါ ခံစားနေရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ (၈)ရက်တွင် အတည်ပြုခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အသက်ကြီးမှ ပေါ်လာတာဖြစ်တဲ့အတွက် ဒီ (သွေးကင်ဆာ) ရောဂါဟာ ပြင်းထန်ခြင်း မရှိပါဘူး” ဟုပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က နိုဝင်ဘာ (၈) ရက်က ရန်ကုန်၊ ဗဟန်းမြို့နယ်ရှိ ပါတီဌာနချုပ်တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဒုတိယဥက္ကဋ္ဌ (၂)အဖြစ် တာဝန်ယူထားသူ အသက် ၆၈ နှစ်အရွယ် ဒေါက်တာ ဇော်မြင့်မောင်သည် ပါတီတွင်းသြဇာကြီးသူတဦးလည်း ဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင်သည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူတဦးဖြစ်ပြီး စစ်အစိုးက ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၉ ခုနှစ်ထိ ၁၉ နှစ်ကြာ ထောင်သွင်းအကျဉ်းချခံခဲ့ရသူလည်း ဖြစ်သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသည်။

ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အမရပူရမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရကာ တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခံရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button