အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပင်လယ်ပြင်တွင်ပျောက်နေသော သင်္ဘောအရာရှိကို ရှာဖွေပေးရန် မိသားစုတောင်းဆို

ရန်ကုန် – အိန္ဒိယသမုဒ္ဒရာအတွင်း နစ်မြုစ်ခဲ့သည့် ကုန်တင်သင်္ဘောမှ ပျောက်ဆုံးနေသူ မြန်မာသင်္ဘောသားအရာရှိကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်ပေးစေလိုကြောင်း သူ၏ မိသားစုက ဗုဒ္ဓဟူးနေ့တွင် ပြောလိုက်သည်။

မလေးရှားမှ ဘင်္ဂလားဒေ့ရှ်သို့ ခုတ်မောင်းစဉ် စက်တင်ဘာ ၃ ရက်နေ့က နစ်မြုပ်သွားသည့် M Star 1 သင်္ဘောမှ ပျောက်ဆုံးနေသူ ၄၉ နှစ်အရွယ် ဒုတိယအရာရှိ ဦမျိုးကြည်တင်သည် အသက်ရှင်လျက် ရှိနေနိုင်သေးသည်ဟု ဇနီးဖြစ်သူ ဒေါ်ချိုချိုအောင်က မျှော်လင့်နေသည်။

“လိုအပ်ရင် ရဟတ်ယာဉ်တွေဘာတွေသုံးပြီး ရှာဖွေစေချင်တယ်။ ဘယ်လိုနည်းလမ်းကိုသုံးပြီးရှာရှာ အမြန်ရှာတွေ့ဖို့ အဓိကပါပဲ။ မြန်မြန်ရှာတွေ့မှ ကျွန်မယောက်ျားအသက်ကို မြန်မြန်ကယ်လို့ရမှာပါ” ဟု ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ ဒေါ်ချိုချိုအောင်က ပြောသည်။

သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား ၁၆ ဦး ပါဝင်ပြီး ၁၄ ဦးကို PTTEP အမည်ရှိ ထိုင်း ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေးကုမ္ပဏီ၏ သင်္ဘောများက ရနောင်းမြို့အနီး ကယ်ဆယ်နိုင်ခဲ့ပြီး တစ်ဖက်ကမ်းရှိ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ အာဏာပိုင်များသို့ လွဲှအပ်ခဲ့သည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကျန်နေသည့် ၂ ဦးမှာ ပျောက်ဆုံးနေသူ ဒုတိယအရာရှိနှင့် သေဆုံးသွားသူ သင်္ဘောကပ္ပတိန်တို့ ဖြစ်သည်။

ဦးမျိုးကြည်တင်နှင့် ပတ်သက်ပြီး အာဏာပိုင်တို့က မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို မသိရသေးပေ။

သင်္ဘောကပ္ပတိန်သည် နစ်မြုပ်သင်္ဘောကို စွန့်ခွာစဉ်ကပင် ဒဏ်ရာ ရရှိထားပြီး နောက်ပိုင်းတွင် သေဆုံးသွားသည်ဟု သင်္ဘောသားနှစ်ဦးက ထွက်ဆိုကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲ ညွှန်ကြားရေးမှူး ဦးတိုးမြင့်၏ ပြောကြားချက်ကို 7DAY သတင်းစာတွင် ဖော်ပြထားသည်။

သင်္ဘောသည် မြန်မာပိုင် Great Western Torres Islands အမည်ရှိ ကျွန်းစုနှင့် ရေမိုင် ၂၅ မိုင် အကွာတွင် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း Maritime Herald သတင်းဌာနက စက်တင်ဘာ ၉ ရက်နေ့တွင် ရေးသားထားသည်။

အဆိုပါကျွန်းစုသည် မြိတ်၊ ကော့သောင်းမြို့တို့နှင့် သုံးပွင့်ဆိုင်အနေအထား တည်ရှိသည်။

နစ်မြုပ်သွားသည့် သင်္ဘောသည် တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် M Star Shipping က ပိုင်ဆိုင်သော သင်္ဘောဖြစ်သည်ဟု သိရသည်။ ။

(စက်တင်ဘာ ၁၆ ရက်နေ့ ဖြည့်စွက်ချက် )

ဝန်ထမ်းများ ထိုသင်္ဘောတွင် လုပ်ကိုင်နိုင်ရန် စီစဉ်ပေးသည့် ကုမ္ပဏီမှာ ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်တွင် ရုံးဖွင့်ထားသော ဆမ်ဟိုးရှစ်ပင်းကုမ္ပဏီ (Samho shipping Co., Ltd.) ဖြစ်ကြောင်း ပျောက်ဆုံးနေသူ၏ မိသားစုထံမှ သိရသည်။

ထိုကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာ ကူညီကယ်ရေးလုပ်ငန်းများတွင် ကုမ္ပဏီက ပါဝင်လုပ်ဆောင်နေသည်ဟု ပြောသည်။ ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles