အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော်တွင် အုပ်ချုပ်ရေးမှူးအိမ်အနီး ဗုံးကွဲ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် ငဝန်လမ်းပေါ်ရှိ အုပ်ချုပ်ရေးမှူးအိမ်အနီး ယမန်နေ့ (ဖေဖော်ဝါရီ ၄) ည ၇ နာရီကျော်တွင် ဗုံးပေါက်ကွဲသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသက် ၄၀ကျော် အရွယ် ဦးတင်ခိုင်၏ နေအိမ်မျက်နှာချင်းဆိုင် ရေမြောင်းအတွင်း ဖြစ်ပွားသည့် ဖြစ်ပွားသည့် ပေါက်ကွဲမှုတွင် ထိခိုက်၊ ပျက်ဆီးမှုမရှိဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာကာ ဦးတင်ခိုင်နေအိမ်တွင် တပ်ဆင်ထားသည့် CCTVနှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီကို ခုခံနေသည့် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ (နေပြည်တော်) က ထိုတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်သည်ဟု ယနေ့ (ဇန်နဝါရီ ၅) တွင် သတင်းထုတ်ပြန်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးတင်ခိုင်သည် စစ်ကောင်စီ ရွေးကောက်ပွဲအတွက် လူစာရင်းကောက်ယူရာတွင် ကူညီသည်၊ တော်လှန်ရေးအင်အားစုနှင့် ထောက်ခံသူ ပြည်သူများကို ဖိနှိပ်သည်ဟု အဆိုပါ ပြောက်ကျားအဖွဲ့က စွပ်စွဲထားသည်။

ဦးတင်ခိုင်၏ နေအိမ် ပစ်မှတ်ထားခံရခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၂ နိုဝင်ဘာ ၇ ရက်ကလည်း ၎င်း၏ နေအိမ်ရှေ့တွင် ဗုံးထည့်ထားသည့် အထုပ်တစ်ထုတ်ကို မပေါက်ကွဲမီ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယခင်က ရွှေကြာပင်ရပ်ကွက် ရာအိမ်မှူးတစ်ဦးသာဖြစ်သည့် ဦးတင်ခိုင်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် အုပ်ချုပ်ရေးမှူးဖြစ်လာသည်ဟု စုံစမ်းသိရှိရသည်။ ၎င်းသည် လက်သမား၊ ရေပိုက်၊ လျှပ်စစ်ပစ္စည်းများ ပြုပြင်၊ တပ်ဆင်သည့် အလုပ်ဖြင့် အသက်မွေးသူဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ဦးတင်ခိုင်မှာ ယခင်ကပင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လှုပ်ရှားမှုများအတွက် ကားငှားလေ့ရှိသူဖြစ်ပြီး အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးဖြစ်ချိန်တွင် ခုခံတော်လှန်မှုများကို မကြောက်၍ တာဝန်ယူသည်၊ သတ္တိရှိလျှင် လာခဲ့ဟု အရပ်ထဲ ပြောဆိုလေ့ရှိသည်ဟု ဆိုသည်။

ဦးတင်ခိုင်နှင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးသလို အထက်ပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပါ။

ယမန်နေ့က ပေါက်ကွဲမှုဖြစ်သည့် ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်သည် အာဏာရှင်ဟောင်း ဦးသန်းရွှေနေထိုင်ရာ ခြောက်လုံးတန်းဟု နာမည်ကျော်သည့် အိမ်ရာ၊ အာဏာမသိမ်းမီက လွှတ်တော်အမတ်များတည်းခိုသည့် စည်ပင်ဧည့်ရိပ်သာတို့ နှင့် မနီးမဝေးတွင် ရှိသည်။

အာဏာသိမ်းပြီး နှစ်နှစ်အကြာ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ မြင့်တက်နေရာ လုံခြုံရေးအထူးတင်းကျပ်ထားသည့် စစ်ရုံးချုပ်တည်ရှိရာ နေပြည်တော်တွင်လည်း ပစ်ခတ်၊ ပေါက်ကွဲမှုများ ရံဖန်ရံခါဖြစ်လေ့ရှိသည်။

နိုင်ငံတစ်ဝန်း မြို့နယ်ထက်ဝက်နီးပါးကို အုပ်ချုပ်ရေး မစိုးမိုးနိုင်ကြောင်း ဇန်နဝါရီ ၃၁ ရက် နေပြည်တော်အစည်းအဝေးတစ်ခုတွင် စစ်ခေါင်းဆောင်ကိုယ်တိုင် ဝန်ခံထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles