အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးအနီး ပေါက်ကွဲမှုဖြစ်

ယမန်နေ့ (ဩဂုတ် ၂၄) ညပိုင်းက စစ်ခေါင်းဆောင်များ အခြေစိုက်ရာ နေပြည်တော်ရှိ ခရိုင်တရားရုံး တစ်ခုအနီး ပေါက်ကွဲမှုဖြစ်ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ကောင်စီ လမ်းပေါ်ရှိ ဒက္ခိဏခရိုင်တရားရုံးအနီး ပေါက်ကွဲမှုတွင် လူတစ်ဦး ခြေထောက်တွင် ဒဏ်ရာရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အသေးစိတ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အသံအကျယ်ကြီး သုံးချက်ပေါက်ကွဲသံကြားတယ်။ ကျွန်မတို့လည်း ကြောက်လို့ အပြင်မထွက်ရဲ ဘူး၊ အရင်ကတော့ တရားရုံးမှာ ရဲနဲ့ စစ်သား အစောင့်မရှိဘူး။ သူတို့ တရားရုံးဝန်ထမ်း အစောင့်တွေ ပဲရှိတာ”ဟု ပေါက်ကွဲမှုဖြစ်ရာ နေရာအနီး နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ တရားရုံးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်အက်ဖြင့် အမှုစစ်နေသည့် တရားသူကြီး ဦးရဲလွင် ရုံးထိုင်ရာနေရာဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တရားရုံးတည်ရှိရာ နေပြည်တော်ကောင်စီလမ်းပေါ်တွင် စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေကြောင်း၊ တရားရုံးရှေ့တွင် ကား ၇ စီးခန့်ဖြင့်ရောက်နေသည့် ရဲနှင့်စစ်သား ၃၀ နီးပါး တွေ့ရကြောင်း ယနေ့နံနက်တွင် ထိုနေရာသို့ ဖြတ်သန်းသွားလာခဲ့သည့် အမျိုးသားတစ်ဦးထံမှသိရသည်။

‘ဒီနံနက်တော့ စစ်သားနဲ့ရဲတွေက လမ်းတွေပိတ်ထားတယ်။ ဝန်ထမ်းတွေ သွားလာတဲ့လမ်းဆိုတော့ အကုန်လုံးတော့ မစစ်ဘူး၊ သူတို့စိတ်ထဲ မသင်္ကာရင် တားပြီးစစ်ဆေးတာတွေတော့ရှိတယ်”ဟု ထိုသူက ပြောသည်။

အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိပါ။ ပေါက်ကွဲမှုမှာ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ကိုလည်း မသိရသေးပေ။

တရားသူကြီး ဦးရဲလွင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီနာယက ဦးဝင်းထိန်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မ ၁၂၄−က ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း (နှစ် ၂၀) ချမှတ်ထားသူဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက်က ကမ္ဘာကျော် အမှုကြီးနှစ်ခု ဖြစ်သည့် တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံခံရသည့်အမှုနှင့် Reuters သတင်းထောက်များအမှုတို့တွင် ဦးရဲလွင်က ရန်ကုန်မြောက်ပိုင်း ဒုတိယခရိုင်တရားသူကြီး၊ ပြန်ကြားရေးအရာရှိ တာဝန် ထမ်းဆောင်ဖူးသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်နေသည့် စစ်တပ်ကို နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေရာ စစ်ခေါင်းဆောင်များ နေထိုင်သည့် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၌ပင် စစ်ကောင်စီကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မကြာခဏဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles