-
သတင်း
ပဲခူးအနောက်ခြမ်း၊ ပေါက်ခေါင်းတွင် အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲ၍ သားအဖ ၂ ဦး သေဆုံး
ရခိုင်ရိုးမနှင့်ထိစပ်နေသော ပဲခူးအနောက်ခြမ်း၊ ပြည်ခရိုင်အတွင်း တိုက်ပွဲများ ဖြစ်ပွားလာရာ အရပ်သား နေထိုင်ရာကျေးရွာများကို အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲခံရပြီး အရပ်သား သားအဖနှစ်ဦး သေဆုံးခဲ့သည်။
-
သတင်း
တော်လှန်ရေးတပ်များအား ပိတ်ဆို့ရန် ထိုင်း−မြန်မာနယ်စပ်တံတားကို စစ်တပ် ပိတ်
မြဝတီမြို့နယ်အတွင်း ကုန်သွယ်ရေးလမ်းမကြီးကို နယ်မြေစိုးမိုးရန် မြေပြင်စစ်ကြောင်းထိုးလာသလို လောင်စာဆီအပြင် ထိုင်းဘက်က ကုန်စည်ဝင်ရောက်ခွင့်ပါ ဖြတ်တောက်လိုက်သည်။
-
သတင်း
စစ်ကြောင်းဝင်နေသော ပေါက်မြို့နယ်တွင် လူတစ်သောင်းကျော် စစ်ရှောင်ရ
ပခုက္ကူ -မင်းတပ်လမ်းအတိုင်း အင်အား တစ်ထောင်ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကြောင့် ရွာ ၁၇ ရွာမှ လူတစ်သောင်းကျော် ထွက်ပြေးနေရပြီး စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၁၀ ဦးထက်မနည်း ရှိလာသည်။
-
သတင်း
နွားထိုးကြီးတွင် လေကြောင်း၊ လက်နက်ကြီးကြောင့် ငါးနှစ်သားအပါအဝင် လေးဦးသေဆုံး
နွားထိုးကြီးမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ နှစ်ရက်ဆက်တိုက် လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုအတွင်း ငါးနှစ်သားတစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့ပြီး နေအိမ်ထဲတွင် နေထိုင်နေသည့် အမျိုးသမီး ၃ ဦးလည်း ပွဲချင်းပြီး သေဆုံးသွားသည်။
-
သတင်း
နွားထိုးကြီး စစ်ရှောင်များ ဗုံးကြဲခံရ၊ သေဆုံးသူများထဲတွင် ကလေး ၄ ဦး ပါဝင်
မန္တလေးတိုင်း စေတီတစ်ဆူတွင် ခိုလှုံနေသူများ ဗုံးကြဲခံရသဖြင့် အများအပြား သေဆုံးသွားကာ ဒေသခံ ရာထောင်ချီ ထွက်ပြေးနေရသည်။



