-
သတင်း
ကချင်နှင့် ကရင်နီရှိ ဆေးရုံနှင့် စစ်ရှောင်စခန်းတို့ကို စစ်တပ်ဗုံးကြဲမှု ၃ ဦးသေဆုံး
ရွှေကူမြို့နယ် စီသာရွာ တိုက်နယ်ဆေးရုံနှင့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း စစ်ဘေးရှောင်များ ခိုလှုံနေသည့် နေရာ သုံးခုထက်မနည်းကို စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသုံးဦးသေဆုံး၊ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
-
သတင်း
အိန္ဒိယစားသောက်ကုန်လုပ်ငန်း Tekfoods မြန်မာဈေးကွက်ကို စိတ်ဝင်စားနေ
လူသိများသော Tekfoods ထုတ်ကုန်များမှာ Boodles အသင့်စားခေါက်ဆွဲ၊ Vevey Foods ကိတ်နှင့် Delifun မုန့်များဖြစ်သည်။
-
သတင်း
မြန်မာစကားပြန်ကို ရေနွေးပူလောင်းသည့် တရုတ်များ အခြားမြန်မာ ၁ ဦးကိုလည်း နှိပ်စက်ခဲ့သည့် စွပ်စွဲချက်ထွက်လာ
ပြီးခဲ့သည့် ဧပြီလအတွင်းက မြန်မာ-တရုတ်စကားပြန် ရှမ်းလူမျိုးကိုသားသားကို ထိုင်းနိုင်ငံတွင် ရေနွေးပူလောင်းနှိပ်စက် ခဲ့သည့် တရုတ်များသည် ယခင်ကလည်းအခြားမြန်မာတစ်ဦးကိုလည်း နှိပ်စက်ခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာသည်။
-
သတင်း
ကားဟောင်းများအပ်နှံပြီး လျှပ်စစ်ကားတင်သွင်းခွင့်ပေးရန် စစ်အုပ်စု စီစဉ်
လက်ရှိတွင် ကားဟောင်းများမအပ်ဘဲ လျှပ်စစ်ကားတင်သွင်းခွင့်ရှိသည်။ သို့သော် နိုင်ငံခြားငွေ မချပေးသဖြင့် တင်သွင်းရအခက်အခဲရှိသည်။ ယခုအစီအစဉ်အရ ကားဟောင်းတစ်စီး အပ်လျှင် အနည်းဆုံးကျပ်သိန်း ၃၀၀ အထက်ကုန်ကျပြီး ပြန်လည်ရရှိမည်မှာ လျှပ်စစ်ကားတင်သွင်းခွင့်ပါမစ်သာ ဖြစ်သည်။
-
သတင်း
မြဝတီ- မဲဆောက်အမှတ်(၂) တံတား မြန်မာဘက်ကပြန်ဖွင့်
မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားကို ပြီးခဲ့သည့်နှစ် ဩဂုတ်လလယ်တွင် စစ်တပ်က ပိတ်ပင်ခဲ့ပြီးနောက် ၁၀ လခန့်အကြာတွင် ပြန်ဖွင့်ခဲ့ခြင်းဖြစ်သည်။



