အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လနှင့်ချီ ရပ်နားထားသည့် NCA အပစ်ရပ် တိုင်းရင်းသားများအကြား အစည်းအဝေး ပြန်စရန်ပြင်ဆင်နေ

လနှင့်ချီရပ်ဆိုင်းထားသော အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား အစည်းအဝေးကို ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ပြန်လည်စတင်ရန် ပြင်ဆင်နေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဋ္ဌက ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များ စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အဖွဲ့၏ အစည်းအဝေးကို ၂၀၁၈ နိုဝင်ဘာလဆန်းတွင် ကျင်းပရန်စီစဉ်ခဲ့သော်လည်း ပျက်ပြယ်ခဲ့ပြီး ယနေ့အချိန်အထိ ပြန်မစတင်နိုင်ဘဲရှိနေခဲ့သည်။

အစိုးရ၊တပ်မတော်တို့နှင့် တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြန်လည်စတင်နိုင်ရန်အတွက် PPST အစည်းအဝေးများပြန်လည်စတင်နိုင်ဖို့လိုအပ်ကြောင်းနှင့် အစည်းအဝေး ပြန်စနိုင်မည့်ရက်ကို လက်နက်ကိုင်အဖွဲ့များအကြားညှိနှိုင်းနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ငြိမ်းချမ်းရေးကိုရရှိနိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ သွားရမှာဆိုတော့ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲက ဆက်သွားမှာပါဟု ၎င်းကပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဖေဖော်ဝါရီ ၁၃ ရက်နေ့က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် အပစ်ရပ် ၁၀ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ တွေ့ဆုံစဉ် PPST အစည်းအဝေးများ ပြန်လည်စတင်စေလိုကြောင်း တပ်မတော်နှင့် အစိုးရဘက်မှဆန္ဒပြုထားသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်ကလည်း အချိန်သိပ်မဆွဲချင်တဲ့သဘောရှိတော့ ဖေဖော်ဝါရီ မကုန်ခင်မှာ ဖြစ်နိုင်ဖို့တော့ ကြိုးစားနေတယ်ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ချင်းအမျိုးသားတပ်ဦး(CNF) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ(KNLA-PC) မွန်ပြည်သစ်ပါတီ(NMSP) လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ပါဝင်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button