အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ပျူစောထီးရွာသား ကလေးစစ်သားဟောင်း PDF ရဲဘော် ပြောပြတဲ့ ပျူ ရွာအကြောင်း

အညာဒေသမှာတော့ အင်မထီးလို့ပြောလိုက်တာနဲ့ ပျူစောထီးရွာလို့ဘဲ အသိများကြပါတယ်။ တော်လှန်ရေး အားကောင်းပြီး  စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက အင်မထီးရွာဟာ လက်ရှိထိ စစ်တပ်ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ ရွာကြီးတရွာဖြစ်ပါတယ်။ 

အညာဒေသမှာတော့ အင်မထီးလို့ပြောလိုက်တာနဲ့ ပျူစောထီးရွာလို့ဘဲ အသိများကြပါတယ်။ တော်လှန်ရေး အားကောင်းပြီး  စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက အင်မထီးရွာဟာ လက်ရှိထိ စစ်တပ်ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ ရွာကြီးတရွာဖြစ်ပါတယ်။ 

အိမ်ခြေ ၄၅၀ ဝန်းကျင်ရှိတဲ့ အဲဒီရွာကြီးဟာ  ပျူစောထီးရွာဆိုပေမယ့် ရွာသူ/ ရွာသားတွေအားလုံးက ပျူစောထီး တွေချည်း ဖြစ်သွားကြတာတော့မဟုတ်ပါဘူး။ စစ်တပ်အာဏာသိမ်းမှုကို အစတည်းက လက်မခံခဲ့သလို လက်နက်ကိုင်တော်လှန်ရေး စပြီဆိုတာနဲ့ ရွာက လူငယ် ၇၀ ဝန်းကျင်ဟာ PDF တပ်ဖွဲ့ အသီးသီး ထဲကို ဝင်ခဲ့ကြပါတယ်။ သူတို့တွေထဲက တချို့ရဲဘော်တွေဆိုရင် ကိုယ့်ဒေတိုက်ပွဲတွေသာမက ပင်လည်ဘူးလို မြို့သိမ်းတိုက်ပွဲတွေ မှာလည်း  မဟာမိတ်တပ်ဖွဲ့တွေအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ 

စစ်တပ်ဟာ တော်လှန်ရေးအားကောင်းတဲ့ ဒေသက အင်မထီးရွာကို စစ်ကြောင်းထိုး လက်ဦးမှုရယူပြီး ရွာသားတွေကို ဝါဒမှိုင်းတိုက် စည်းရုံးခဲ့တာပါ။  ဒီလိုနဲ့  အင်မထီးဟာ ပျူစောထီးရွာအဖြစ် ဇာတ်သွင်း ခံလိုက်ရပါတယ်။  လက်ရှိမှာတော့ တော်လှန်ရေးနယ်မြေထဲက အဲဒီ ပျူရွာမှာရှိနေတဲ့ သူတွေဟာ အစာငတ်တဲ့အဖြစ်တွေလည်း ကြုံနေရသလို ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်ပြီး ဒုက္ခမျိုးစုံလည်း ကြုံနေရပါပြီ။ 

အင်မထီးရွာသားလည်းဖြစ် ၊ အာဏာမသိမ်းခင်က ကလေးစစ်သားလည်းဖြစ်ခဲ့သူ ရဲဘော်စိုးကျော်ကတော့ အင်မထီးရွာ ဇာတ်လမ်းမှာ ကိုယ်တိုင်ဝင်ပြီး ကခဲ့ရသလို အခြားသော ဇာတ်ကောင်တွေနဲ့ ဇာတ်ကြောင်းတွေ ကိုလည်း ဂဃနဏ သိထားသူပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရဲဘော်စိုးကျော်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၂မှာ တာဝန်ထမ်းဆောင်နေပြီး စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာလည်း ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ 

ပျူစောထီးရွာလို့ ပြောနေကြတဲ့ အင်မထီးရွာ နဲ့ ရွာသားတွေရဲ့အကြောင်းကို  ကာယကံရှင်ရွာသား ရဲဘော်စိုးကျော်ရဲ့ ပြောပြချက်ကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။ 

သတင်း၊ ရိုက်ကူး – ရွှေပြည်စိုး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button