အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ရွေးကောက်ပွဲအပြီး သုံးဖို့ပြင်ဆင်နေတဲ့ လွှတ်တော်အဆောက်အဦ ဘယ်လောက်ထိ ပျက်စီးသွားလဲ

မတ် ၂၈က စစ်ကိုင်းငလျင်ကြောင့် အကြီးစား ပျက်စီးသွားတဲ့ နေပြည်တော်က လွှတ်တော်အဆောက်အဦတွေကို အခုနှစ်ကုန် ရွေးကောက်ပွဲအပြီးမှာ သုံးစွဲနိုင်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်သုတ်ရိုက်စီစဉ်နေပြီး ၆လအတွင်း အပြီးပြင်ဆင်ဖို့ ညွှန်ကြားထားပါတယ်။ 

အစည်းအဝေးခန်းမတွေ၊ လွှတ်တော်ရုံးအဆောက်အဦတွေ အပါအဝင် မဲပေးစနစ်တွေ၊ အသံစနစ်တွေအားလုံးလည်း ငလျင်ကြောင့် ထိခိုက်၊ ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ လွှတ်တော်သုံးရပ်က ဝန်ထမ်းတချို့ဟာ ထိခိုက်မှု အနည်းအကျဉ်းသာရှိခဲ့တဲ့ လွှတ်တော်ဝန်းထဲက မော်တော်ယာဉ်ဌာန အဆောက်အအုံမှာ ရုံးတက်နေကြရပါတယ်။ 

မော်တော်ယာဉ်ဌာနဟာလည်း သိပ်ပြီး မကျယ်ဝန်းတော့ လွှတ်တော်ဝန်ထမ်း သုံးပုံတစ်ပုံကို ရုံးတက်ခိုင်းပြီး၊ ကျန်နှစ်ပုံကိုတော့ ခွင့်ပေးထားရပါတယ်။ မူလက ရုံးတက်ခဲ့တဲ့ လွှတ်တော်ရုံးခန်းနေရာတွေကတော့ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား ဖြစ်ခဲ့တာကြောင့် ဝန်ထမ်းတွေ မနေရဲကြဘူးလို့ အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။ 

ပျက်စီးသွားတဲ့ လွှတ်တော်အဆောက်အဦတွေဟာ ထုထည်ကြီးမားတာကြောင့် ပြင်ဆင်ဖို့ထက် အသစ်ဆောက်ရမှာဖြစ်ပြီး လက်ပူတိုက်ပြီး အမြန်ပြင်မယ်ဆိုရင်တော့ အဖြစ်သဘောသာ ရနိုင်လိမ့်မယ်လို့ သိရပါတယ်။ 

အောင်ဇေ/Myanmar Now

Related Articles

Back to top button