
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယမန်နေ့ ဇွန် ၁၇ ရက်နေ့ က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၀ ကျော် သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
နံနက် ၉ နာရီခန့်မှစတင်ကာ ဖားကန့်မြို့ မှော်စီစာကျေးရွာ ဘုရားကုန်းနှင့် မှော်ဝမ်းလေးရွာဘက်တို့တွင်
တိုက်ပွဲ ၂ နေရာ ဖြစ်ခဲ့ပြီး ဘုရားကုန်းမှ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် စနိုက်ပါ ( လက်ဖြောင့် သေနတ်) ဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်မှူးတစ်ဦး သေဆုံးခဲ့သည်၊ လူ ၂၀ ကျော် သေဆုံးသည် ဟု ဖားကန့် KPDF ထံက သိရသည်။
တိုက်ပွဲအခြေအနေများကို အတိအကျ မပြောနိုင်သေးကြောင်း KPDF တာဝန်ရှိသူက ပြောသည်။
“ဗိုလ်မှူးကျတယ်၊ စစ်ေရးသတင်းတွေက ကျွန်တော်တို့ အသေးစိတ် ပြောလို့မရလို့၊ သူတို့က အယောက် ၂၀ ကျော်လောက် ကျသွားတာပေါ့” ဟု အဆိုပါ KPDF တာဝန်ခံက ဆက်ပြောသည်။
မှော်စီစာကျေးရွာနှင့် မှော်ဝမ်းလေးရွာဘက်တို့တွင် ယမန်နေ့က တစ်နေကုန် တိုက်ပွဲဖြစ်ပြီး မွန်းလွဲ ၃ နာရီ ခန့်တွင် တိုက်ပွဲပြီးဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဖားကန့်တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီတပ် အကျအဆုံး သတင်းများ ကြားရေေသာ်လည်း အသေးစိတ် အခြေအနေများကို မသိရသေးဟု ဆိုသည်။
“တိုက်ပွဲဖြစ်တာတော့ မှန်တယ်တဲ့။ စကစ ဘက်ကလည်း အကျအဆုံးများတယ်လို့တော့ ပြောကြတယ်၊
ဒါပေမဲ့ ခိုင်မာတဲ့သတင်းတွေကတော့ ပေးလာတာမျိုး မရှိသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် ဘုရားကုန်းအနီးဝန်းကျင်ရှိ ဒေသခံအများစုသည် နီးစပ်ရာ ကျေးရွာများသို့ တိမ်းရှောင်ခဲ့ကြရသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ယနေ့နံနက်တွင်မူ တိုက်ပွဲဖြစ်ပွားသံများ ငြိမ်သက်နေပြီး ဘုရားကုန်းအနီးဝန်းကျင်တွင် နေထိုင်နေသည့် ဒေသခံများမှလွဲပြီး ကျန်ေန်သူများ နေရပ်ပ်ပြန်နေကြသည်ဟု အထက်ပါ မြို့ခံအမျိုးသားက ဆက်ပြော သည်။
“ဘုရားကုန်းအနီးဝန်းကျင်ေတာ့ ပြန်မနေရဲကြသေးဘူး။ ကျန်တဲ့နေရာတွေကတော့ ပြန်နေကြပါပြီ။
တစ်ခုခု ဖြစ်လာရင်တော့ အသင့်ပြင်ထားကြတာပေါ့”
ယမန်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ မှော်စီစာရွာအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၁ ဦး သေဆုံးခဲ့သလို ၅ ဦးထက်မနည်း ဒဏ်ရာရ ခဲ့ကြသည်ဟု ဆိုသည်။
ထို့ပြင် မှော်ဝမ်းလေးရွာဘက်ရှိ ဒေသခံတချို့လည်း လက်နက်ကြီးအစ ထိမှန် ဒဏ်ရာရခဲ့ပြီး သေဆုံးသူ မရှိကြောင်း ၎င်းက ဆက်ပြောသည်။
ကျောက်စိမ်း အကျိုးစီးပွားများ ရှိနေသည့် ဖားကန့်တွင် စစ်ကောင်စီတပ်က ရာနှင့်ချီသည့် အင်အားများ ထပ်ဖြည့်ပြီး စစ်ကြောင်းထိုးနေသောကြောင့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း သေဆုံး သည့် ဒေသခံ အရေအတွက်မှာလည်း နေ့စဉ်တိုးနေသည်။
မေ ၂၇ ရက်မှ စ၍ ယမန်နေ့အထိ စာရင်းများအရ ဖားကန့်တွင် သေဆုံးသူ အရပ်သား ၃၁ ဦးခန့် ရှိလာ သည်။
ဖားကန့်မြို့နယ်အပြင် ကချင်ပြည်နယ်အတွင်းရှိ ဝိုင်းမော်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်က တိုက် ခိုက်လာသောကြောင့် နေ့တိုင်း ထိတွေ့ပစ်ခတ်မှုများ ရှိနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“ဝိုင်းမော်ဘက်လည်း တိုက်ပွဲရှိတယ်၊ ဒါပေမဲ့ တိုက်ပွဲအကြီးကြီးတွေ စစ်ကြောင်းထိုးတဲ့ တိုက်ပွဲတွေတော့ မဟုတ်ပါဘူး၊ သူတို့စခန်းထဲကနေ ကျွန်တော်တို့ရှိတဲ့ဘက်ကို ထိုးလာပြီးမှ ပြန်ဆုတ်သွားတယ်၊ နေ့တိုင်း လိုလိုတော့ ရှိပါတယ်”
ဗန်းမော်မြို့တွင်မူ လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုများမှလွဲ၍ မြေပြင် တိုက်ပွဲများ ယခုရက်တွင်း တိုက်ပွဲ များ ငြိမ်သက်နေသည်ဟု KIA ထံက သိရသည်။
ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို အပစ်ရပ်ရန် တရုတ်က အပြင်းအထန် ဖိအားပေးခဲ့သလို ကချင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့် KIA ကိုလည်း အပစ်ရပ်ရန် တွန်းအားပေးနေသည်ဟု သိရသည်။
ယမန်နှစ် မတ်လမှ စတင်သည့် စစ်အာဏာရှင်အမြစ်ပြတ်ရေး ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။