အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာသို့ ကိုဗစ်ရောဂါ တစ်ကျော့ပြန်လာ၊ ကာကွယ်မှုစရန် စစ်ကောင်စီ မလှုပ်ရှားသေး

ကိုဗစ် ကူးစက်သူများ ထပ်မံတွေ့ရှိချိန်တွင် ကိုဗစ်ကာကွယ်ရေး အသိပညာပေးမှု၊ ကြိုတင်ပြင်ဆင်မှု မတွေ့ရသေးဘဲ စစ်ခေါင်းဆောင်သည်ပင် နှာခေါင်းစည်းမတပ်ဘဲ လူအများနှင့် အစည်းအဝေးများ ပြုလုပ်နေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်မှုများ ပြန်လည်ဖြစ်ပွားနေပြီး တစ်ပတ်အတွင်း ကိုဗစ်၁၉ အတည်ပြုလူနာသစ် ၁၇ဦးတွေ့ရှိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မေ ၂၅ရက်မှ ဇွန် ၁ရက်နေ့ထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁,၇၇၈ ခု စစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် ၁၇ ဦး တွေ့ရှိခဲ့ကြောင်း ဆိုသည်။

ကိုဗစ်အတည်ပြုလူနာသစ် ၁၇ဦးသည် ရန်ကုန်မှ ဖြစ်သည်။

ကိုဗစ်အတည်ပြုလူနာများ ဆယ်နှင့်ချီ၍ တွေ့ရှိချိန်ထိ စစ်ကောင်စီသည် ကာကွယ်ဆေးထိုးရန် အပါအဝင် ကိုဗစ်နှင့် ပတ်သက်၍ လှုပ်ရှားမှုများ မတွေ့ရှိရသေးပေ။

စစ်ဗိုလ်ချုပ်များ နေထိုင်သည့် နေပြည်တော်နှင့် ရန်ကုန်မြို့ကြီးများတွင်လည်း ကိုဗစ်ရောဂါ ကာကွယ်ရန် နှားခေါင်စည်းတပ်ဆင်ကြခြင်း မရှိသေးဘဲ လမ်းပေါ်တွင် သွားလာနေသူများကို ကြည့်လျှင် တစ်ဦးနှစ်ဦးသာ တပ်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် ကိုဗစ်ရောဂါ ကာကွယ်ရန် နှာခေါင်စည်းတပ်ဆင်ခြင်း မရှိဘဲ လူအများဖြင့် အစည်းအဝေး ပြုလုပ်နေသည်ကို စစ်ကောင်စီထုတ်ပြန်သည့် ဓာတ်ပုံများတွင် တွေ့ရသည်။

“ကိုဗစ်ဖြစ်တယ် ထုတ်ပြန်နေတာ၊ အားလုံးက ပေါ့ပေါ့ဆဆပဲ၊ သွားလာလှုပ်ရှားနေကြတာ” ဟု ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းတွင် နေထိုင်သူ အသက် ၄၀ကျော်အရွယ် အမျိုးသားတစ်ဦးကပြောသည်။

ရောဂါပိုးတွေ့ရှိမှု နှုန်းသည် ၀ဒသာမ ၉၆ရာခိုင်နှုန်းဖြစ်ပြီး ပြင်းထန်လူနာ၊ အထူးကြပ်မတ် ကုသပေးရသော လူနာ နှင့်သေဆုံးသူ လူနာမရှိသေးကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်က ဆိုသည်။

မိုးတွင်းကာလဖြစ်၍ လူအများစုသည် ကိုဗစ်ရောဂါ လက္ခဏာ ဖြစ်သည့် ဖျားနာခြင်း ၊လည်ချောင်းနာခြင်းမျိုး ရှိကြသော်လည်း စစ်ဆေးခြင်းမျိုးမရှိဘဲ ဆေးသောက်၍ကုသမှုများသာရှိကြောင်း နေပြည်တော်မှ အထွေထွေရောဂါဆရာဝန်တစ်ဦးက ဆိုသည်။

“တော်တော်များများ ဖျားကြတယ်၊ ဆေးခန်းလာ ဆေးထိုးဆေးသောက်ပြီး ပျောက်ကြတော့ကိုဗစ်လို့လည်း သတိမိထားမိကြတာ၊ ကျတော်တို့လည်း အတူတူပါပဲ၊ ခုက လူနာသစ်တွေ့ပြီဆိုတော့စိုးရိမ်ဖို့ထက် သတိထားဖို့ ကာကွယ်ဖို့တော့ လိုလာပြီပေါ့”ဟု ၎င်းက ဆက်ပြောသည်။

ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူများသည် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့် လက္ခဏာများ ပြတတ်သည်ဟု ကျန်းမာရေး ပညာရှင်များက အသိပေးထားသည်။

ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန် လူစုလူဝေးရှိရာသို့ မသွားဘဲ ရှောင်ရှားခြင်း၊ နှာခေါင်းစည်းတပ်ခြင်းနှင့် လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောခြင်း၊ လေကောင်းလေသန့် ရအောင်နေထိုင်ခြင်းနှင့် တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာနေထိုင်ကာ ကာကွယ်နိုင်သည်ဟုလည်း ကျန်းမာရေး ပညာရှင်များက ဆိုသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် ကိုဗစ်တတိယလှိုင်းတွင် စီမံခန့်ခွဲမှု အလွဲများကြောင့်အသေအပျောက်များခဲ့သည်။ စစ်ကောင်စီသည် သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေဘေးနှင့် ငလျင်တို့တွင်လည်း ကူညီကယ်ဆယ်မှုများ အားနည်းခဲ့ပြီး လူသေပျောက်များစွာရှိခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

Related Articles

Back to top button