အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ပြည်သူအများ ရေဘေးသင့်နေချိန် နယ်မြေလက်မလွှတ်ရရေး စစ်ကောင်စီ ဆက်လက်ဗုံးကြဲနေ

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီးက ရဲစခန်းတစ်ခုကို စက်တင်ဘာလ ၁၂ရက်နေ့ မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးတဲ့နောက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲခဲ့တာပါ။

ဖားကန့်မြို့တောင်ဘက် ငါးမိုင်ခန့်အကွာမှာရှိတဲ့ ‘ဆိုင်းတောင်’ ရဲစခန်းကို ဒီကနေ့မနက် ၇နာရီဝန်းကျင်လောက်မှာ KIA က တိုက်ခိုက်၊ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားနေအိမ်တွေ မီးလောင်နေတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

‘ရာဂိ’ တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် ဒေသအများအပြားမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ပြီး လူအများအပြား ရေဘေးဒုက္ခရောက်နေကြရပါတယ်။ ဒီလိုအခြေအနေမှာ လေယာဉ်၊ ရဟတ်ယာဉ်တွေ ပိုင်ဆိုင်တဲ့ စစ်ကောင်စီဟာ ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ထက် နယ်မြေတွေ ဆက်လက်မဆုံးရှုံးရဖို့အရေး ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button