ရုပ်သံသတင်း

ဗန်းမော်မြို့ မကျရေး စစ်ကောင်စီအတွက် စိုးရိမ်စရာဖြစ်သွားပြီ

စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော အမှတ် ၄၃၇ ခြေမြန်တပ်ရင်း (ခမရ ၄၃၇) ကို ယနေ့(ဩဂုတ် ၁၉) မွန်းလွဲပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အပြီးသတ်တိုက်ခိုက်၊ သိမ်းပိုက်ခဲ့ပြီးနောက် မိုးမောက် တစ်မြို့လုံးကို ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။

ခမရ ၄၃၇ သည် ဗန်းမော်မြို့၏ အရှေ့ဘက် ၇မိုင်ခန့်အကွာတွင်ရှိပြီး၊ ဗန်းမော်မြို့လုံခြုံရေးအတွက် အဓိကကျသည့် တပ်ရင်းဖြစ်သည်။ သို့ဖြစ်ရာ ခမရ ၄၃၇ ကျဆုံးမှုသည် စစ်ကောင်စီအတွက် မိုးမောက်မြို့သာမက ဗန်းမော်မြို့အတွက်ပါ စိုးရိမ်စရာဖြစ်သွားပြီ ဟု ဗိုလ်မှူးကြီးနော်ဘူ က Myanmar Now ကို ပြောသည်။

၂၀၂၄ ခုနှစ် မတ်လဆန်းမှ စတင်သည့် ကချင်ထိုးစစ်အတွင်း ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများအပြားတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က စခန်းများ ရာနှင့်ချီ စွန့်လိုက်ရသည်။

Show More

Related Articles

Back to top button