
တွံတေးမြို့နယ်ရှိ အနံ့ဆိုးထွက် ရွှေနဂါးဓာတ်မြေဩဇာစက်ရုံ လည်ပတ်နေမှုအား ရပ်နားထားပြီး အဆင့်ဆင့်ပြန်လည်စစ်ဆေးရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီကနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ တွံတေးမြို့နယ် ကန်ပါတ်ရိုးရွာရှိ ဓမ္မရက္ခိတကျောင်းတိုက်တွင် ဒေသခံရွာသားများ၊ စက်ရုံတာဝန်ရှိသူများနှင့် တိုင်းအစိုးအရအဖွဲ့တွေ့ဆုံချိန်တွင် ပြောဆိုခဲ့သည်။ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ စတင်လည်ပတ်သည့်၂၀၁၉ နှစ်လည်ပိုင်းမှစ၍ စက်ရုံအနီး ကျေးရွာများတွင် အနံ့ဆိုးဒဏ်ခံနေရကာ၊ စက်ရုံမှထွက်သည့် အမှုန်များကြောင့် ကန်ပတ်ရိုးကျေးရွာ သောက်သုံးရေကန် ညစ်ညမ်းပြီး သောက်သုံးရေအခက်အခဲများနှင့် ကြုံတွေ့နေရသောကြောင့် စက်ရုံပိတ်သိမ်းပေးရန် ဒေသခံများက တောင်းဆိုထားကြသည်။
သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now
[youtube https://youtu.be/jtiiboHoWC0]