အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးပြီ

အိန္ဒိယနိုင်ငံမှ ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးပို့လိုက်သော ကိုဗစ်နိုင်တင်းကာကွယ်ဆေးကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးနှင့် ဧရာဝတီကိုဗစ်စင်တာတို့၌ ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးပေးခဲ့သည်။ ကိုဗစ်ကာကွယ်ဆေးကို ပထမဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းများ၊ ဗဟိုအစိုးရအဖွဲ့ဝင်များနှင့် နေပြည်တော်တွင် လွှတ်တော်တက်ရောက်မည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို စထိုးပေးမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ ပြည်သူများအတွက် လာမည့်ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စတင်ကာ ဦးစားပေးအဆင့်အလိုက် ထိုးပေးသွားမည်ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – အာကာစိုး၊ ကေဇွန်နွေး/Myanmar Now

[youtube https://youtu.be/jjWzx4VGFlo]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button