အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တပ်က အမှုဖွင့်ထားသည့် DMG သတင်းထောက်နှစ်ဦး စာနယ်ဇင်းကောင်စီထံ တိုင်ကြား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Development Media Group (DMG)၏ အယ်ဒီတာတစ်ဦးနှင့် သတင်းထောက်တစ်ဦးကို တပ်မတော်အရာရှိတစ်ဦးဖြစ်သည့် ဗိုလ်မှူးဘုန်းမြင့်ကျော်မှ တရားလိုပြုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စစ်တွေနယ်မြေရဲစခန်းတွင် ဇန်နဝါရီလ ၂၂ ရက်နေ့က အမှုဖွင့်ထားသည့် ကိစ္စကို စာနယ်ဇင်းကောင်စီအား ကြားဝင်ဖြေရှင်းပေးရန် ဇန်နဝါရီ ၂၅ ရက်နေ့တွင် တိုင်ကြားလိုက်ပါသည်။ ဇန်နဝါရီ ၁၀က ဖော်ပြခဲ့သည့် “ကျောက်တော်မြို့နယ် မာလာကျေးရွာက စပါးတောင်း ၇၀၀ ကို တပ်မတော်သားများ ယူဆောင်သွားဟုဆို” ဆိုသည့် သတင်းကြောင့် သတင်းရေးသားခဲ့သည့် သတင်းထောက် မနှင်းနွယ်နှင့် ဒုတိယတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံကို အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ DMG သတင်းဌာနကို ၂၀၁၂ တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း သတင်းများကို ရေးသားဖော်ပြနေကာ သတင်းဌာန၏ အင်တာနက်ဝက်ဆိုက်လည်း လက်ရှိအချိန်ထိ အပိတ်ခံထားရဆဲဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – /Myanmar Now

[youtube https://youtu.be/MjTuC8yrXSI]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button