ရုပ်သံသတင်း

မောင်တောတောင်ပိုင်းတွင် ရွာသားနှစ်ဦးဝါးခုတ်နေစဉ် လက်နက်ကိုင်တချို့က ဖမ်းဆီးရိုက်နှက်

ဇန်နဝါရီလ ၂၁ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း၊ အင်းဒင်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာသစ်မှ ရွာသားနှစ်ဦးသည် အင်းဒင်ကျေးရွာတောင်ဘက် ၂ မိုင်ခွဲခန့်အကွာ၊ မောင်တော-အငူမော်ကားလမ်းရှိ ဆားငံချောင်းခွဆုံအရှေ့ဘက် မေယုတောင်ကြောတွင် ဝါးခုတ်နေစဉ် လက်နက်ကိုင်တချို့က ဖမ်းဆီးပြီး ရိုက်နှက်ခဲ့ကြသည်။ လက်ရှိအချိန်တွင် ရိုက်နှက်ခံရသူနှစ်ဦးသည် မောင်တောခရိုင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး တဦးမှာ ဒဏ်ရာပြင်းထန်းသဖြင့် အောင်ဆီဂျင်ပေးထားရကြောင်းသိရပါသည်။

သတင်းနှင့်ရိုက်ကူး – သန့်မြတ်ခိုင်၊ ကေဇွန်နွေး/Myanmar Now

[youtube https://youtu.be/yRmQkuZzZ9Y]

Show More

Related Articles

Back to top button