ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ သတ္တုတွင်းကို မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် သတ္တုတူးဖော်ရေးခွင့်ပြုမိန့်လိုင်စင်ရ ဝင်းမြင့်မိုရ်ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း ရင်းနှီးမြှုပ်နှံမည့် bawdwin joint venture BJV ကုမ္ပဏီမှ သတ္တုတူးဖော်ရေး ဖက်စပ်စီမံကိန်းအသစ်အကောင်အထည်ဖော်ရန်အတွက် နမ္မတူမြို့နယ် ဘော်တွင်းကျေးရွာအုပ်စုတွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည့် သတ္တုတွင်းဝန်ထမ်းမိသားစု လူဦးရေသုံးထောင်ကျော်နှင့်အတူ သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်းများပါ ပြောင်းရွှေ့ပေးရမည်ဟု ကုမ္ပဏီဘက်မှ ပြောဆိုလာသောကြောင့် အခက်အခဲများနှင့် ကြုံနေရသည်ဟု ဒေသခံတွေက ဆိုပါသည်။ ယခုဖော်ဆောင်မည့် စီမံကိန်းကို ဝင်းမြင့်မိုရ်ကုမ္ပဏီနှင့် ပူးပေါင်းပြီး ရှယ်ယာရှင် Myanmar Metals Limited, သြစတြေးလျရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှင့် EAP Global Mining Co Ltd မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ သုံးခုပေါင်းပြီး bawdwin joint venture BJV အမည်ဖြင့် အစိုးရခွင့်ပြုမိန့်ရရန် လျှောက်ထားခဲ့ကြောင်း သိရှိရပြီး ကုမ္ပဏီဘက်မှ လူဦးရေ သုံးထောင်ကျော်အား ပြောင်းရွှေ့ပေးရမည်ဟု ဆိုသော်လည်း ပြောင်းရွှေ့ပြီး ပြန်လည်နေရာချပေးမည့်နေရာကိုတော့ အခုအချိန်အထိ မသိရှိရသေးကြောင်း ဒေသခံတွေက ဆိုပါသည်။
သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now
[youtube https://youtu.be/qMLVJGNryZc]