
မြို့နယ်(၃)ခုတွင် တရားစွဲခံထားရပြီး ဝရမ်းပြေးဖြစ်ကာ ရဲက အလိုရှိနေသည့် အမျိုးသားရေးသမားဆိုသူ မိုက်ကယ်ကျော်မြင့်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြုလုပ်ရန်ရှိသည့် အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူပွဲ အခမ်းအနားကို ဆက်လက်ဦးဆောင်သွားမည်ဟု ၎င်း၏ပါတီတာဝန်ရှိသူက ဆိုပါသည်။ ဇန်နဝါရီ ၂၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်မည့် အခမ်းအနားနေ့မတိုင်မီ မိုက်ကယ်ကျော်မြင့်ကို မဖမ်းဆီးနိုင်ပါက တည်ဆဲအစိုးရတွင် အာဏာမရှိသည့်အချက် ပေါ်လွင်နေကြောင်း နာမည်ကျော်ရှေ့နေတစ်ဦးဖြစ်သည့် ဦးကြီးမြင့်က သုံးသပ်သွားခဲ့ပြီး နေပြည်တော်တွင် ကျင်းပမည့် တပ်ထောက်ခံပွဲအခမ်းအနား ပြီးဆုံးသွားလျှင် မိုက်ကယ်ကျော်မြင့်မှ ၎င်းအား တရားစွဲဆိုထားသည့် အမှုများကို ဥပဒေကြောင်းအရ သွားရောက်ရင်ဆိုင်သွားမည်ဟု ပါတီ၏တာဝန်ရှိသူက ဆိုပါသည်။
သတင်းနှင့်ရိုက်ကူး – ဖြိုးသီဟချို၊ ဖြိုးထက်အောင်/Myanmar Now
[youtube https://youtu.be/68nuXCHdHHM]