ရုပ်သံသတင်း

ကိုဗစ်ရောဂါဖြစ်ပွားသူနှင့် ကွာရန်တင်းဝင်ရသည့် အလုပ်သမားများ လစာဖြတ်တောက်ခံရ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ထဲရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများတွင် ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားသူ သို့မဟုတ် ရောဂါအတည်ပြုလူနာနှင့် ထိတွေ့ခဲ့သဖြင့် ကွာရန်တင်းဝင်ရသည့် အလုပ်သမားများ၏ အလုပ်ပျက်ရက်များကို လုပ်ခလစာထဲမှ ဖြတ်တောက်မှုများရှိနေကြောင်း အလုပ်သမားများက ပြောဆိုကြသည်။ ထိုသို့ လစာဖြတ်တောက်နေပါက နောက်ပိုင်းတွင် အလုပ်သမားများသည် အလုပ်ပျက်မည်စိုးသဖြင့် ထိမ်ချန်မှုများရှိလာနိုင်ပြီး ပိုးကူးစက်သူများလာကာ စက်ရုံပိတ်သည်အထိ ဖြစ်လာပါက စက်ရုံလုပ်ငန်းရှင်သာလျှင် ပိုမိုထိခိုက်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းများက ရှုမြင်သလို ပိုးတွေ့အလုပ်သမားနှင့် ကွာရန်တင်းဝင်ရသည့် အလုပ်သမားများကို ကျန်းမာရေးခွင့်အဖြစ် သတ်မှတ်ပေးပြီး အလုပ်ရှင်ဘက်မှလည်း လုပ်ခလစာမဖြတ်တောက်သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် လူငယ်ကော်မတီ ဒုဥက္ကဋ္ဌက ဆိုပါသည်။

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now

[youtube https://youtu.be/bBEZnwejmaY]

Show More

Related Articles

Back to top button