အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော် အေလာလေတပ်စခန်း တိုက်ခိုက်ခံရ

စစ်‌ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ အေလာလေတပ်တပ်စခန်းသည် ယနေ့နံနက် ၈ နာရီခွဲခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

“မီးခိုးတွေ ထွက်လာတာတော့ တွေ့တယ်၊ အေလာလေတပ်စခန်းထဲက ဂိုဒေါင် လောင်သွားတယ်လို့တော့ ပြောနေကြတယ်“ ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထိုတိုက်ခိုက်မှုက မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဟု ထုတ်ဖော်ပြောဆိုခြင်းမရှိသးပါ။ ထို့အတူ စစ်ကောင်စီကလည်း လေတပ်တိုက်ခိုက်ခံရမှုအတွက် အသံတိတ်နေဆဲဖြစ်သည်။

စစ်‌‌တပ်ဩဇာခံ ဝါဒဖြန့်ချိရေးတယ်လီဂရမ်ချန်နယ်များကတော့ အေလာလေဆိပ်သည် ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ဝန်ခံခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေကျေမှု ရှိ၊မရှိကိုတော့ မသိရသေးပါ။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှ အေလာလေတပ်သည် တော်လှန်ရေးတပ်များ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို မကြာခဏ ခံခဲ့ရသည်။

ပြီးခဲ့သည် ဧပြီ ၄ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်များသည် နေပြည်တော်ရှိ အေလာလေတပ်စခန်း၊ စစ်ရုံးချုပ်နှင့် စစ်ခေါင်းဆောင်တို့၏ နေအိမ်များကို ဒရုန်း ၃၅ စင်းဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ထိုဒရုန်းများအနက် ၂၉ စင်းသည် ပစ်မှတ်များဆီ ရောက်ရှိခဲ့သည်ဟု NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော် (PDF) တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အတူ ဧပြီ ၁၁ ရက် နံနက် ၄ နာရီခန့်တွင် Mountain Knights Defense Force (MKCDF) အဖွဲ့က အေလာလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး လေတပ်အရာရှိ ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိသည်ဟု ထုတ်ပြန်ထားသည်။ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button