
ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့ တောင်းဆိုထားသည့် ၂၀၂၀ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်တိုင်ကြားမှုများအတွက် ‘စုပေါင်းတိုင်ပင်အဖြေရှာဆုံးဖြတ်’ ရန် ဆိုသည့်ကိစ္စသည် အခြေခံဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်သာဖြစ်ပြီး လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရမည့်ကိစ္စမဟုတ်ဟု ပြည်ထောင်စုလွှတ်တော်က အထူးအစည်းအဝေးခေါ်ရန် ငြင်းပယ်လိုက်သည်။ ဒုတိယအကြိမ်လွှတ်တော် အထူးအစည်းအဝေးခေါ်ရန် ဦးဆောင်တောင်းဆိုသည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးကမူ လွှတ်တော်၏ ထိုဆုံးဖြတ်ချက်သည် တရားနည်းလမ်းမကျဘဲ မတရားမှုကို ‘ငုံ့ခံ’ရမည့်သဘော ဖြစ်နေသည်ဟု တုံ့ပြန်သည်။
သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now
[youtube https://youtu.be/kBRjnAZnHck]