အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

TNLA ၏ ပြန်ပေးဆွဲမှုများ ထိန်းသိမ်းပေးရန် မိုးကုတ်ဒေသခံများတောင်းဆို

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA မှ မိုးကုတ်မြို့ ဒေသခံများကို ပြန်ပေးဆွဲပြီး ငွေတောင်းနေမှုများ ပြုလုပ်နေသည့်အပေါ် သက်ဆိုင်ရာအစိုးရအုပ်ချုပ်ရေးပိုင်းနှင့် TNLA ၏တာဝန်ရှိသူများအနေဖြင့် တရားမဲ့ပြုကျင့်မှုများကို ထိန်းသိမ်းပေးရန် မိုးကုတ်မြို့ရှိ သံဃာများအပါအဝင် မြို့မိမြို့ဖ အရပ်ဘက်အဖွဲ့အစည်းများမှ တောင်းဆိုနေကြသည်။ မိုးကုတ်မြို့တွင် ၂၀၁၉ နှစ်ကုန်ပိုင်းကစပြီး လက်ရှိအချိန်အထိ TNLA တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ဖြစ်စဉ်များ ၁၀ ကြိမ်ခန့်ရှိကြောင်း သိရှိရပြီး ၎င်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး လုံခြုံရေးတာဝန်ယူထားသည့် ဌာနဆိုင်ရာများကိုမေးခွန်းထုတ်ခဲ့သလို TNLA အနေဖြင့် အဆိုပါဖြစ်စဉ်မျိုးဆက်လုပ်နေပါက ICJ အထိ တိုင်ကြားသွားမည်ဟု ဒေသခံတွေက ဆိုသည်။

သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now

[youtube https://youtu.be/bvWxny8_XmM]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles