ရုပ်သံသတင်း

အေအေလက်ထဲ ၇၉ ရက်ကြာဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒေါ်နီနီမေမြင့် ဘာပြောလဲ

၂၀၂၀ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် NLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် တောင်ကုတ်မြို့၏အနောက်ဘက် ၁၅ မိုင်ခန့်အကွာ ဖောင်းကားကျေးရွာကို မဲဆွယ်စည်းရုံးရေးသွားရောက်စဉ် ရက္ခိုင့်တပ်တော် AA လက်နက်ကိုင် အဖွဲ့ဝင် ၁၀ ဦးခန့်က ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးခံရပြီး ရက်ပေါင်း ၇၉ ရက်အကြာ ဇန်နဝါရီလ ၁ ရက်နေ့တွင် အေအေအဖွဲ့က မြန်မာ့တပ်မတော်မှတစ်ဆင့် အစိုးရဖွဲ့ကို လွှဲပြောင်းပေးခဲ့ပြီး အမတ်သုံးဦးကို ပြန်လွှတ်ပေးခဲ့သည်။ ပြန်လည်လွတ်မြောက်လာပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်အား ၎င်း၏ အတွေ့အကြုံများကို Myanmar Now က တွေ့ဆုံးမေးမြန်းထားပါသည်။

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now

[youtube https://youtu.be/SD92PXpYk0g]

Related Articles

Back to top button