အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အနံ့ဆိုးထွက်သည့် ဓာတ်မြေဩဇာစက်ရုံ ဒေသခံများနှင့် ညှိနှိုင်းမှု မပြေလည်သေး

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် လှိုင်သာယာ-မအူပင်ကားလမ်းနံဘေးတွင် တည်ဆောက်ထားသည့် ရွှေနဂါးဓာတ်မြေဩဇာစက်ရုံလည်ပတ်ရာမှ ထွက်လာသည့် အမှုန်များကြောင့် စက်ရုံအနီးအနားပတ်ဝန်းကျင်ရှိ ကန်ပတ်ရိုးကျေးရွာနှင့် ထန်းတပင်ရွာသစ်‌‌ကျေးရွာများတွင် သောက်သုံးရေနှင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်သဖြင့် စက်ရုံပိတ်သိမ်းရန် ဒေသခံများက တောင်းဆိုနေကြပြီး စက်ရုံတာဝန်ရှိသူများ၊ အာဏာပိုင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ပြေလည်မှုမရရှိသေးပါ။ ရွှေနဂါးဓာတ်မြေဩဇာစက်ရုံကို သိုလှောင်ရုံဆောက်လုပ်ဖို့အတွက်သာ EIA စစ်ဆေးမှုခံယူထားတာဖြစ်ပြီး စက်ရုံတည်ဆောက်ပြီးစတွင် ဓာတ်မြေဩဇာသိုလှောင်ရုံအဖြစ် အသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် ဓာတ်မြေဩဇာထုတ်လုပ်လာသောကြောင့် ရေထု၊ လေထု ညစ်ညမ်းမှုတွေ ဖြစ်ပေါ်လာခဲ့သဖြင့် ပတ်ဝန်းကျင်ဒေသခံများ၏ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now

[youtube https://youtu.be/2G8zvzETnNE]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles