ရုပ်သံသတင်း

စစ်မှုမထမ်းလို၍ တိမ်းရှောင်သည့် နေပြည်တော်မှ လူငယ်ခြောက်ဦး အမှုဖွင့်ခံရ

စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသည့် နေပြည်တော် ဥတ္တရသီရိခရိုင်မှ လူငယ် ၆ ဦး ထွက်ပြေး၍ ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။ ထိုသူများသည် ဥတ္တရသီရိမြို့နယ် တောင်ညိုရွာနှင့် တပ်ကုန်းမြို့နယ်များမှ အသက် ၃၀ အရွယ် အမျိုးသားများ ဖြစ်သည်ဟု ဥတ္တရသီရိခရိုင်မှ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဆင့်ခေါ်ခံထားရပြီး မှတ်ပုံတင်စာရင်းသွင်းထားရတဲ့သူတွေက စစ်မှုမထမ်းချင်လို့ ထွက်ပြေးတဲ့သူတွေကို အမှုဖွင့်တာ၊ အားလုံးပေါင်း ခြောက်ယောက်ပါ” ဟု ဥတ္တရသီရိခရိုင်မှ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဥတ္တရသီရိမြို့နယ် ရဲစခန်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ဇွန် ၁၃ ရက်တွင် အမှုဖွင့်ထားသည်၊ တရားလိုမှာ ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သည်ဟု ယင်းဖြစ်စဉ်ကို သိရှိသည့် အမည်မဖော်လိုသူက ပြောသည်။ သတင်း၊ တင်ဆက် – အောင်ဇေ၊ ဟန်သစ်

Related Articles

Back to top button