အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်မှုမထမ်းလို၍ တိမ်းရှောင်သည့် နေပြည်တော်မှ လူငယ်ခြောက်ဦး အမှုဖွင့်ခံရ

စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသည့် နေပြည်တော် ဥတ္တရသီရိခရိုင်မှ လူငယ် ၆ ဦး ထွက်ပြေး၍ ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း စုံစမ်းသိရှိရသည်။ ထိုသူများသည် ဥတ္တရသီရိမြို့နယ် တောင်ညိုရွာနှင့် တပ်ကုန်းမြို့နယ်များမှ အသက် ၃၀ အရွယ် အမျိုးသားများ ဖြစ်သည်ဟု ဥတ္တရသီရိခရိုင်မှ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဆင့်ခေါ်ခံထားရပြီး မှတ်ပုံတင်စာရင်းသွင်းထားရတဲ့သူတွေက စစ်မှုမထမ်းချင်လို့ ထွက်ပြေးတဲ့သူတွေကို အမှုဖွင့်တာ၊ အားလုံးပေါင်း ခြောက်ယောက်ပါ” ဟု ဥတ္တရသီရိခရိုင်မှ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဥတ္တရသီရိမြို့နယ် ရဲစခန်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ဇွန် ၁၃ ရက်တွင် အမှုဖွင့်ထားသည်၊ တရားလိုမှာ ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သည်ဟု ယင်းဖြစ်စဉ်ကို သိရှိသည့် အမည်မဖော်လိုသူက ပြောသည်။ သတင်း၊ တင်ဆက် – အောင်ဇေ၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button