ရုပ်သံသတင်း

RCSS နှင့် TNLA တိုက်ပွဲကြောင့် ကျောက်မဲမြို့ပေါ်တွင် တိုက်ပွဲရှောင်သူ ၆၀၀ ကျော်ရှိလာ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ဦးရေ ၆၀၀ ကျော်အထိ ရှိလာပြီး ကျောက်မဲမြို့ပေါ်ရှိ ဝါဆိုဘုန်းတော်ကြီးကျောင်း၊ မန်ကောင်မူစာသင်ကျောင်းနှင့် သန္တီသုခဓမ္မာရုံများ၌ ခိုလှုံနေကြရသည်။ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများသည် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းဖြစ်သည့် တိုက်ပွဲများဖြစ်ပြီး ဒေသခံ ပြည်သူလူထုသာ နစ်နာသောကြောင့် လက်နက်ဖြင့် မဖြေရှင်းဘဲ အချင်းချင်း ညှိနှိုင်းဆွေးနွေးကြရန် ဒေသခံများက မျှော်လင့်နေကြသည်။

သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now

[youtube https://youtu.be/RqcHPsl8-HE]

Show More

Related Articles

Back to top button