ရုပ်သံသတင်း

ဂျပန်က မြန်မာ့တော်လှန်ရေးအတွက် အကူအညီတွေပေးနိုင်မလား

ဂျပန်က လက်ခံစကားပြောတာဟာ (တော်လှန်ရေး) အခြေအနေကို ကျွန်တော်တို့ထက် ပိုသိလို့

အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ ၃ နှစ်အတွင်းမှာ တော်လှန်ရေးအင်အားစုခေါင်းဆောင်တွေကို ဂျပန်အစိုးရက ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံလိုက်ပါတယ်။ ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လွှတ်တော်ဆိုင်ရာ ဒုဝန်ကြီးတစ်ဦးဖြစ်သူ Mr. KOMURA Masahiro က မြန်မာ့တော်လှန်ရေးအင်အားစုတွေကို မေလ ၁၄ ရက်နေ့မှာ တွေ့ဆုံခဲ့တာပါ။ အဲ့ဒီဆွေးနွေးပွဲကို NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ (KNPP) နဲ့ ကြားကာလကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌဖြစ်သူ ခူးဦးရယ်၊ ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူး ဆလိုင်ထလာဟေးတို့ တက်ရောက်ခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ခေါင်းဆောင်တွေ တစ်စုတစ်စည်းတည်း ဂျပန်နိုင်ငံမှာ သွားရောက်ဆွေးနွေးတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ထူးခြားတဲ့အခြေအနေလို့ ဆိုနိုင်ပါတယ်။ လက်ဗလာနဲ့စခဲ့တဲ့ တော်လှန်ရေးမှာ နယ်မြေစိုးမိုးမှုတွေ အထိုက်အလျောက်ရလာချိန် အခုလို လက်ခံတွေ့ဆုံတာဟာ ဘယ်လောက် ထူးခြားမှုရှိပါသလဲ။ ဒီခရီးစဉ်ကနေ ဘာတွေ မျှော်လင့်နိုင်မှာပါလဲ။ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ NUG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ မေးမြန်း – စောရယ်

Show More

Related Articles

Back to top button