
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ အချိန် ၂ နှစ်ကြာခဲ့ပြီဖြစ်ပြီး တိုက်ပွဲများကြောင့် ဒဏ်ရာရ၊ သေဆုံးသူအရေအတွက် တဖြည်းဖြည်းပိုများလာသလို စစ်ဘေးရှောင်အရေအတွက်လည်း နှစ်သိန်းကျော်အထိ ရှိလာနေပါသည်။ တိုက်ပွဲဖြစ်ပွားနေသော ဒေသအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များမှ ဒေသခံများအား ဖမ်းဆီးနှိပ်စက်ခြင်း ကျေးရွာများကို မီးရှို့ခြင်းများအပြင် မြေမြှုပ်မိုင်းဒဏ်ကိုလည်း ဒေသခံများ ဆိုးဝါးစွာခံစားခဲ့ကြရသည်။
သတင်းနှင့်ရိုက်ကူး – ဖဒူထွန်အောင်၊ ဇေယျာမော်/Myanmar Now
[youtube https://youtu.be/18LGa5o8bho]