ရုပ်သံသတင်း

အကြိတ်အနယ်ရှိလာနိုင်သည့် ကယားပြည်နယ်လွှတ်တော်

လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၂၀ သာရှိသည့် ကယားပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ၉ ဦး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၃ ဦးစီ အနိုင်ရရှိထားပြီး တပ်မတော်သားကိုယ်စားလှယ် ၅ ဦး နေရာရထားသောကြောင့် လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်ရာမှစ၍ လွှတ်တော်အတွင်း အဆိုတင်မဲခွဲမှုများတွင် အကြိတ်အနယ်ရှိလာနိုင်သည်။ ကယားပြည်နယ်လွှတ်တော်အတွင်း အဆိုတင်သွင်းမဲခွဲရာတွင် ထောက်ခံမဲ ၁၁ မဲရရှိမှာသာ အဆိုအောင်မြင်မှုရရှိမည်ဖြစ်သဖြင့် ကိုယ်စားလှယ်လောင်း ၃ ဦး အနိုင်ရထားသော တိုင်းရင်းသားပါတီဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP ၏ ရပ်တည်မှုက အရေးပါလာမည်ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now

[youtube https://youtu.be/ZCVOzrIJq_4]

Show More

Related Articles

Back to top button