အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အကြိတ်အနယ်ရှိလာနိုင်သည့် ကယားပြည်နယ်လွှတ်တော်

လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၂၀ သာရှိသည့် ကယားပြည်နယ်လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ ၉ ဦး၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၃ ဦးစီ အနိုင်ရရှိထားပြီး တပ်မတော်သားကိုယ်စားလှယ် ၅ ဦး နေရာရထားသောကြောင့် လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်ရာမှစ၍ လွှတ်တော်အတွင်း အဆိုတင်မဲခွဲမှုများတွင် အကြိတ်အနယ်ရှိလာနိုင်သည်။ ကယားပြည်နယ်လွှတ်တော်အတွင်း အဆိုတင်သွင်းမဲခွဲရာတွင် ထောက်ခံမဲ ၁၁ မဲရရှိမှာသာ အဆိုအောင်မြင်မှုရရှိမည်ဖြစ်သဖြင့် ကိုယ်စားလှယ်လောင်း ၃ ဦး အနိုင်ရထားသော တိုင်းရင်းသားပါတီဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP ၏ ရပ်တည်မှုက အရေးပါလာမည်ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး/Myanmar Now

[youtube https://youtu.be/ZCVOzrIJq_4]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles