
မမှန်ကန်၊ မမျှတသည့် ရွေးကောက်ပွဲအဖြစ် သမိုင်းတွင်သွားမည်ဆိုပါက သမိုင်းရိုင်းသွားမည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် သမိုင်းတွင် ပူးတွဲတရားခံ အဖြစ်မခံနိုင်ခြင်းကြောင့် ရွေးကောက်ပွဲဆိုင်ရာ ပြဿနာအရပ်ရပ်ကို သေသေချာချာ၊ ချင့်ချင့်ချိန်ချိန်၊ နှိုင်းနှိုင်းဆဆနှင့် တာဝန်ရှိသူအားလုံးက သုံးသပ်ကြရန် ဒီဇင်ဘာ ၁၁ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများက ပြောကြားသည်။ ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများကို တရားစီရင်ရေးလမ်းဆုံးအထိ ဆောင်ရွက်သွားမည်ဟုလည်း ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now
[youtube https://youtu.be/fBfcsr0RsEc]