
ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့ ဒီဇင်ဘာ ၁၀ ရက်ညနေပိုင်းက နမ္မတူမြို့နယ်အတွင်းရှိ နမ့်ပိုင်ရွာအနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး နမ့်ပိုင်ရွာထဲ လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အရပ်သား ၄ ဦးဒဏ်ရာရခဲ့ပါသည်။ နမ့်ပိုင်ကျေးရွာတွင် ပိတ်မိနေသည့် ဒေသခံ ၅၀ ကျော်အား လူမှုကယ်ဆယ်ရေးအဖွဲ့များမှ ဒီဇင်ဘာ ၁၁ ရက် ယနေ့နံနက်ပိုင်းတွင် သွားရောက်ကယ်တင်ခေါ်ဆောင်ခဲ့ပြီး မန်ဆန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်ခဲ့သဖြင့် လက်ရှိအချိန်ထိ မန်ဆန်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ တိုက်ပွဲရှောင် ၃၀၀ ကျော်ရှိနေပြီဖြစ်သည်။
သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now
[youtube https://youtu.be/MEW2IWQ65As]