ရုပ်သံသတင်း

ရဲတပ်ဖွဲ့ကို ကိုအောင်ကြီး ဘာကြောင့်တရားစွဲရသလဲ

နာမည်ကျော်ဗစ်တိုးရီးယားအမှုတွင် နှစ်ကြိမ်တိုင် ဖမ်းဆီးခံခဲ့ရပြီး ၆ လကျော်ကြာ အချုပ်သားဘဝဖြင့် အမှုရင်ဆိုင်ခဲ့ရသူ ကိုအောင်ကြီး (ခ) ကိုအောင်ကျော်မျိုးက ၎င်း၏ နစ်နာမှုအတွက် ကျပ်သိန်း ၅၀၀၀ ရလိုကြောင်း တရားမမှုအဖြစ်လျှောက်ထားမှုကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက လက်ခံခဲ့သည်။ လူရှင်နေသော်လည်း နာမည်သေခဲ့ရသူ သားဖြစ်သူ၏ နစ်နာမှု၊ မိသားစု၏ ဂုဏ်သိက္ခာတို့အတွက် ယခုကဲ့သို့ ပြန်လည်တရားစွဲဆိုရခြင်းဖြစ်သည်ဟု ကိုအောင်ကြီး၏ မိခင်က Myanmar Now ကို ပြောသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now

[youtube https://youtu.be/x9qh4wVSNGw]

Show More

Related Articles

Back to top button