အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မိုးကုတ်ဒေသခံများအား TNLA မှ ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုများရှိနေ

အောက်တိုဘာလ ၁၇ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA မှ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့အတွင်း ဝင်ရောက်ပြီး အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးကို သေနတ်ပြ ခြိမ်းခြောက် ခေါ်ဆောင်သွားကာ တောထဲတွင် ၉ ရက်ကြာ ဖမ်းဆီးချုပ်နှောင် ညှဉ်းပန်းနှိပ်စက်ပြီး မြန်မာငွေကျပ် သိန်းသုံးရာဖြင့် ပြန်ရွေးခိုင်းခဲ့သည်ဟု ဖမ်းဆီးခံခဲ့ရသူ ကာယကံရှင်အမျိုးသမီးက ပြောပါသည်။ TNLA အဖွဲ့မှ မိုးကုတ်မြို့တွင် ကျောက်လုပ်ကွက်၊ ရတနာအရောင်းဆိုင်၊ ဆိုင်ကယ်အရောင်းဆိုင်၊ ဆီဆိုင်များအပြင် နွားနို့ဆိုင်များမှ ငွေကြေးကောက်ခံမှုများရှိနေကြောင်း သိရှိရပြီး ၎င်းဖြစ်စဉ်များနှင့် ပတ်သက်၍ TNLA တာဝန်ရှိသူက ၎င်းတို့တွင် ဒီလိုပြုလုပ်ရန် မူဝါဒမရှိကြောင်း အကယ်၍ မတရားခံရမှုမျိုးရှိလျှင် လူထုဆက်ဆံရေးစင်တာထံ တိုင်ကြားနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now

[youtube https://youtu.be/Zs7DZ-toFtQ]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles