
ကျောက်မဲမြို့တွင် ချောင်းမြောင်းပစ်ခတ်မှုများ မကြာခဏဖြစ်ပွားခဲ့ပြီး လွန်ခဲ့သည့် ၁၀ စုနှစ်ကတည်းက ပစ်ခတ်မှုများရှိခဲ့ကာ ၂၀၁၉/၂၀ အတွင်း သေနတ်ပစ်ခံရသဖြင့် သေဆုံးသူ ၁၄ ဦးအထိရှိခဲ့ကြောင်း ကျောက်မဲမြို့ ရဲမှတ်တမ်းအရ သိရပါသည်။ အသတ်ခံရပြီး သေဆုံးသူတွေထဲတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ သံဃာတော်အပါအဝင် နောက်ဆုံး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အထိ ပါဝင်လာခဲ့ပြီး မှတ်တမ်းမရှိဘဲ သေဆုံးသူများလည်း ရှိခဲ့သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးရမှသာ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုရှိမည်ဟု ဒေသခံများက ယုံကြည်နေကြပြီး ဒေသငြိမ်းချမ်းရေးရရန် ပူးပေါင်းကူညီဆောင်ရွက်ပေးဖို့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို တောင်းဆိုနေကြပါသည်။
သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now
[youtube https://youtu.be/LzE7bhSwjUQ]