
နိုဝင်ဘာလ ၂၅ ရက်နေ့ညက မိုးကုတ်မြို့နယ်အတွင်းရှိ ဓာတ်တော်တောင်တွင် မြန်မာတပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့ ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် တိုက်ပွဲပတ်ဝန်းကျင်ကျေးရွားများမှ ဒေသခံ တထောင်ကျော်သည် နေရပ်စွန့်ခွာပြီး မိုးကုတ်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ခိုလှုံနေကြရသည်။ တိမ်းရှောင်လာသူတွေက မန်နားကျေးရွာ၊ ကျောက်ပုံကျေးရွာ၊ ချောင်းကြီးကျေးရွာ၊ ရှမ်းကုန်းစံကျေးရွာအပါအဝင် ကျေးရွာငါးရွာမှ ဒေသခံတွေဖြစ်ပြီး ယခင်က တစ်ခါမှ တိုက်ပွဲများမရှိခဲ့ဖူးသောကြောင့် ကြောက်လန့်နေကြပြီး နောက်ထပ်တိုက်ပွဲများထပ်မဖြစ်အောင် တောင်းဆိုနေကြသည်။
သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now
[youtube https://youtu.be/kiJlim1ERYo]



