ရုပ်သံသတင်း

ဒဂုံဆိပ်ကမ်းဆူပူမှုရဲ့ မျက်မြင်သက်သေရိုက်နှက်ခံရမှု ရဲစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေး

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူမှုနှင့်ပတ်သက်ပြီး မျက်မြင်သက်သေများကို ရဲက ခေါ်ယူစစ်ဆေးရာတွင် သက်သေတစ်ဦးရိုက်နှက်စစ်ဆေးခံရသောကြောင့် ရဲစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ရဲမှူးကြီးတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးက ကိုကိုချစ်ဆိုသူနှင့် သက်သေ ၃ ဦးကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၇ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် နိုဝင်ဘာ ၂၅ ၊ နေ့လယ် ၁၂ နာရီကျော်ကမှ ညနေ ၆ နာရီကျော်ထိ လာရောက်စစ်ဆေးခဲ့သည်။ ဆူပူမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မေးမြန်းဖို့အတွက် ထိုနေရာအနီးတွင် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသည့် အသက် ၃၅ နှစ်အရွယ် ကိုကိုချစ်ကို ရဲတပ်ဖွဲ့မှ နိုဝင်ဘာ ၂၃ ရက်နေ့တွင် သာကေတမြို့နယ် အမှတ် ၂ ရဲစခန်းကို ခေါ်ယူစစ်ဆေးသည့်အချိန်တွင် ရိုက်နှက်စစ်‌ဆေးခံခဲ့ရဟု ကိုကိုချစ်က ဆိုသည်။

သတင်းနှင့်ရိုက်ကူး – ဇေယျာမော်၊ ခင်မို့မို့လွင်/Myanmar Now

[youtube https://youtu.be/vPG4iXCC0c8]

Show More

Related Articles

Back to top button