ရုပ်သံသတင်း

မိသားစုကပြောတဲ့ ဦးထိုက်ဇော်အကြောင်း

နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာ နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမျိုးသားလွှတ်တော်ကိုယ်စား ဦးထိုက်ဇော်သည် အနေအေးသူ၊ ရန်ငြိုးရန်စမရှိသူ၊ မိသားစုအပေါ် ဖခင်ကောင်းပီသသူဖြစ်ပြီး ရပ်ရွာတိုးတက်အောင်လုပ်ဆောင်ရန် အမြဲစဉ်းစားနေသူဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။ ပင်တိန်ကျေးရွာရှိ ဦးထိုက်ဇော်နှင့် ရင်းနှီးသော မိတ်ဆွေများကလည်း ဦးထိုက်ဇော်သည် သူနေထိုင်ရာပတ်ဝန်းကျင်တွင် ရန်ဖြစ်ဖူးခြင်းမရှိသောကြောင့် ယခုလုပ်ကြံမှုသည် ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် လုပ်ကြံခြင်းမဖြစ်နိုင်ကြောင်း Myanmar Now ကို ပြောဆိုခဲ့သည်။

သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now

[youtube https://youtu.be/eVXjCMuJdUE]

Related Articles

Back to top button