
နိုဝင်ဘာလ ၁၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရာတွင် ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားများအား ဖိတ်ခေါ်သည့် သဘောထားထုတ်ပြန်ချက်ကို လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ဗဟိုနာယက၊ ရှမ်းပြည်နယ်အစိုးရဖွဲ့၏ လားဟူတိုင်းရင်းသားရေးရာဝန်ကြီးမှ ကြိုဆိုလိုက်သည်။ NLD အစိုးရ၏ဖိတ်ခေါ်ချက်သည် တိုင်းရင်းသားများ၏ အခက်အခဲများကို ညှိနှိုင်းဖြေရှင်းနိုင်ပြီး လက်နက်ကိုင်ပဋိပက္ခများဖြေရှင်းရန်အတွက် ငြိမ်းချမ်းရေးကို အတူတကွလုပ်ဆောင်နိုင်ရန် လားဟူတိုင်းရင်းသားဝန်ကြီးမှ မျှော်လင့်နေသည်။
သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now
[youtube https://youtu.be/ctNmPMoAq-0]