
အောက်တိုဘာလ ၁၄ ရက်မနက်က ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် တောင်ကုတ်မြို့နယ် NLD ကိုယ်စားလှယ်လောင်းသုံးဦးအား ဖမ်းဆီးထားသည်မှာ တစ်လကျော်ကြာမြင့်နေပြီဖြစ်သည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးရန် အေအေအဖွဲ့ကို မိသားစုဝင်များက ထပ်မံတောင်းဆိုလိုက်သည်။ ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် ဒီဇင်ဘာလကုန်အထိ အပစ်အခတ်ရပ်စဲထားမည်ဟု နိုဝင်ဘာလ ၁၂ ရက်နေ့က AA အဖွဲ့မှ ကြေညာချက်ထုတ်ပြန်ခဲ့သလို တပ်မတော်ဘက်မှလည်း AA ၏ကြေညာချက်ကို ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
သတင်းနှင့်ရိုက်ကူး – စိုးဇံအောင်၊ ဖြိုးထက်အောင်/Myanmar Now
[youtube https://youtu.be/LM9cht1pxo4]



