
လားရှိုးမြို့နယ်တွင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် တစ်နှင့် နှစ် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကအနိုင်ရရှိပြီး လားရှိုးခရိုင်အတွက် အမျိုးသားလွှတ်တော်နေရာကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD က အနိုင်ရရှိခဲ့ကြောင်း လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ကြေညာလိုက်သည်။ လားရှိုးမြို့နယ်အတွင်း မဲပေးခွင့်ရှိသူ ၂ သိန်း ၂ သောင်းကျော်ရှိပြီး ဆန္ဒမဲလာရောက်ပေးသူ ၅၂ ရာခိုင်နှုန်းကျော်ရှိကာ ရှမ်းပြည်နယ်မြောက်ပိုင်း တစ်ခုလုံးတွင် မဲပေးခွင့်ရှိသူ ၁၄ သိန်းကျော်ရှိပြီး ၆၀ ရာခိုင်နှုန်းကျော် ဆန္ဒမဲလာပေးခဲ့ကြသည်ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ထံမှ သိရပါသည်။
(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)
သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now
[youtube https://youtu.be/GU1_-fWtAGM]