ရုပ်သံသတင်း

တောင်ကုတ်မြို့နယ်တွင် ANP ပါတီ နေရာအားလုံးအနိုင်ရ

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ ရခိုင်အမျိုးသားပါတီ ANP မှ မဲအရေအတွက် အများဆုံးဖြင့် နေရာအားလုံး အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ရေးကောက်ပွဲတွင် မဲအများဆုံးရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒုတိယမဲအများဆုံးရရှိပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း သုံးဦးစလုံး အေအေအဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံထားရပြီး လက်ရှိရွေးကောက်ပွဲ ကျင်းပပြီးသည့်အချိန် နိုဝင်ဘာလ ၉ ရက်နေ့အထိ လွတ်မြောက်လာတာ မရှိသေးပေ။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

သတင်းနှင့်ရိုက်ကူး – စိုးဇံအောင်၊ ဇေယျာမော်/Myanmar Now

[youtube https://youtu.be/Yqngf8s8WAI]

Show More

Related Articles

Back to top button