ရုပ်သံသတင်း

မူးယစ်ဆေးပပျောက်အောင် ဦးစားပေးလုပ်မည်ဟု SNLD အမတ်လောင်းဆို

လွှတ်တော်ထဲရောက်ပါက မူးယစ်ဆေးပပျောင်အောင် လုပ်ဆောင်သွားမည်ဖြစ်သလို မူးယစ်ဆေးဖြတ်စခန်း လူငယ်ပြုပြင်ရေးစင်တာများ အခိုင်အမာထားရှိနိုင်အောင် ကြိုးစားသွားမည်ဟု SNLD ပါတီကိုယ်စားပြုပြီး လားရှိုးမြို့မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းဝမ်းလှိုင်ခမ်းကဆိုသည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ ၂၀၂၀ရွေးကောက်ပွဲအတွက် လူငယ်နှင့် အမျိုးသမီးကိုယ်စားလှယ်လောင်းများကို ဦးစားပေးရွေးချယ်ထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၁၁ ခုတွင် ကိုယ်စားလှယ်လောင်း ၃၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – မြတ်မိုးသူ/Myanmar Now

[youtube https://youtu.be/cupPmnfjrQ4]

Show More

Related Articles

Back to top button