
ကိုဗစ်နိုင်တင်း ကန့်သတ်ချက်များကြောင့် မဲစာရင်းပါဝင်ရာ ရန်ကုန်မြို့တွင် ပြန်ပြီးမဲမပေးနိုင်သည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော်ရှိ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့(အောက်တိုဘာ ၂၉)နံနက်ပိုင်းက ကြိုတင်မဲလာပေးခဲ့သည်။ “ယုံကြည်အားကိုးပြီးသားပါ။ ပြည်သူတွေအပေါ်မှာ ကျနော်တို့က ယုံကြည်မှုအပြည့်ရှိတယ်။ ပြည်သူတွေကလည်း ကျနော်တို့ကို ယုံကြည်မှုအပြည့်ရှိမယ်လို့ ကျနော်ယူဆပါတယ်” ဟု လာမည့်ရွေးကောက်ပွဲအပေါ် သမ္မတဦးဝင်းမြင့်က သတင်းထောက်များကို ပြောကြားသွားသည်။
သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now
[youtube https://youtu.be/ofNAN6LmTe8]