အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရှမ်း-ကချင်နယ်စပ် စခန်းနှစ်ခုကို KIA သိမ်း၊ ဒုရင်းမှူးအပါ သုံ့ပန်းများ ရရှိ

ကချင်ပြည်နယ်၊ မံစီမြို့ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA သိမ်းလိုက်ပြီး ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃၀ ကျော် ဖမ်းမိထားသည်။ ညီနောင် ၃ ဖွဲ့ အပစ်ရပ်ထားချိန် KIA က ထိုးစစ်ဆင်နေသည်။

ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို ယမန်နေ့ (ဇန်နဝါရီ ၂၁) တွင် သိမ်းပိုက်လိုက်ပြီး သုံ့ပန်း ၃၀ ကျော် ရရှိထားရာ ထိုအထဲတွင် ဒုတပ်ရင်းမှူးတစ်ဦး ပါဝင်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နှင့် ၈ မိုင်ခန့်သာ ဝေးကွာသော အဆိုပါ မံစီမြို့နယ် မံဝိန်းကြီးရွာရှိ ခြေမြန်တပ်ရင်း ၄၂၄ တပ်စခန်းကို နံနက်ပိုင်းတွင် သိမ်းပိုက်ခဲ့သည်၊ ညနေပိုင်းတွင် မံဝိန်းကြီးရွာအနီး တရုတ်နယ်စပ်ရဲစခန်းတွင် ပူးပေါင်းတပ်ထိုင်ထားသည့် စုပေါင်းဂိတ်ကို ဆက်လက်သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

KIA နှင့် ကချင်ဒေသကာကွယ်ရေးအဖွဲ့ KPDF ပူးပေါင်းထိုးစစ်ဆင်သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ကို ဖမ်းမိခဲ့သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

“မန်းဝိန်းကြီး (၄၂၄) တပ်စခန်းကို သိမ်းတဲ့အချိန်မှာ ဒုရင်းမှူးနဲ့ ၃၀ စစ်သုံ့ပန်းတွေ ရတယ်။ နယ်မြေရှင်းလင်းရေးအဖွဲ့တွေ တရားဝင်အကြောင်းကြားတာ မရှိသေးဘူး။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နယ်စပ်ဘက်မှာ တချို့တွေ ထွက်ပြေးတယ်ဆိုတာလည်း ကြားပါတယ်၊ တရုတ်ဘက် ကူးသွားတဲ့ အခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“စခန်းသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ နယ်မြေရှင်းလင်းရေးလုပ်နေတယ်။ တိုက်ပွဲမရှိတော့ဘူး”

စခန်းသိမ်းတိုက်ပွဲပြီးသည့်နောက် စစ်ကောင်စီတပ်များ နယ်စပ်ဖြတ်ကျော်ပြီး တရုတ်ဘက် ထွက်ပြေးနေသည် ဆိုသည့် ရုပ်သံမှတ်တမ်း အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသလို KIA, KPDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးထားသည့် စစ်ကောင်စီ သုံ့ပန်းများကိုလည်း ရုပ်သံဖိုင်တစ်ခုတွင် တွေ့ရသည်။

စစ်ကောင်စီတပ်များ နယ်စပ်ဖြတ်ကျော်ပြီး တရုတ်ဘက် ထွက်ပြေးနေသည် ဆိုသည့် ရုပ်သံမှတ်တမ်း။

ထိုတိုက်ပွဲတွင် အဖမ်းခံရသည့်၊ လက်ကို ခေါင်းပေါ်တင်ပြီး ကားလမ်းမပေါ်၌ ဒူးထောက်ထိုင်နေသည့် အရပ်ဝတ် သုံ့ပန်း အယောက် ၃၀ ခန့်၏ ရုပ်သံမှတ်တမ်းလည်း တွေ့ရသည်။

ထို့ပြင် မံဝိန်းကြီးရဲစခန်းအတွင်း ရှင်းလင်းရေးလုပ်နေသည့် KIA, KPDF ရဲဘော်များ၏ ရုပ်သံမှတ်တမ်းကိုလည်း တွေ့ရသည်။

မြို့လှ-KPDF မှ စစ်ကြောင်းမှူး ဗိုလ်မိုးကြိုးက မံဝိန်းကြီးတိုက်ပွဲတွင် ၎င်းတို့လည်း KIA နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း သုံ့ပန်းအများအပြား ဖမ်းဆီးရမိကြောင်း အတည်ပြုသည်။

“ကျွန်တော်တို့ဆီက ကွန်မန်ဒိုအဖွဲ့တွေလည်း ပါတယ်။ သုံ့ပန်း တအားများတယ်။ ကျွန်တော်တို့ ကွန်မန်ဒိုအဖွဲ့တွေရော အကုန်လုံး အစုံတိုက်ကြတာ” ဟု ဗိုလ်မိုးကြိုးက ပြောသည်။

ဖုန်းလိုင်းအခက်အခဲကြောင့် မြေပြင်အခြေအနေနှင့် စစ်လက်နက်၊ သုံ့ပန်းဖမ်းဆီးရမိမှု အသေးစိတ်ကို မသိရသေးဟုလည်း သူက ပြောသည်။

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ အပစ်ရပ် သဘောတူလိုက်ပြီးနောက် အပစ်မရပ်ထားသည့် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်သည်။

KIA တိုက်ခိုက်သိမ်းပိုက်ထားသည့် မံဝိန်းကြီးရဲစခန်း။

KIA က စစ်တပ် တိုက်လေယာဉ်တစ်စီး ပစ်ချနိုင်ခဲ့သည့် နမ့်ဖတ်ကာတွင်လည်း ယနေ့အထိ တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု သိရသော်လည်း ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် အသေးစိတ်ကို မသိရသေးပေ။

အာဏာသိမ်း စစ်ကောင်စီကို ပေါ်ပေါ်တင်တင် ဝေဖန်ရှုတ်ချထားသည့် KIA က ကချင်၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။

ဇန်နဝါရီ ၂၁ ရက်နေ့က မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေပြီး ဗျူဟာအရ အရေးပါသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

ထို့ပြင် ရှမ်းမြောက်နှင့် မန္တလေးတိုင်း နယ်စပ်မျဉ်းအနီးရှိ မိုးမိတ်မြို့ကို သိမ်းပိုက်နိုင်ရေး မဟာမိတ်တပ်များနှင့် ပူးပေါင်းတိုက်ခိုက်နေပြီး ယနေ့အထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles