ရုပ်သံသတင်း

NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြီး ပြည်ခိုင်ဖြိုးမဲဆွယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်ပွဲတစ်ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ‘အင်္ဂလိပ်၏ ကျွန်မယား’၊ NLD ပါတီသည်လည်း ‘သာသနာဖျက်ပါတီ’ ဟု ဆိုသော လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်သည့် စကားလုံးများပါသည့် သီချင်းဖွင့်ကာ မဲဆွယ်သည့်အတွက် NLD ပါတီဝင်များက တရားစွဲဆိုထားကြောင်း သိရှိရသည်။ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာ ၂၅ ရက်တွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက လူစုလူဝေးဖြင့် လှည့်လည်ရာတွင် NLD ပါတီ၏ အောင်နိုင်ရေးသီချင်းတစ်ပုဒ်ဖြစ်သည့် ‘ဒေါက်ဖိနပ်လျှောက်သံ’ သီချင်းမှ စာသားများနေရာတွင် အထက်ပါစာသားများဖြင့် အစားထိုးသီဆိုထားသည့် သီချင်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now

[youtube https://youtu.be/XIJxvE0Nrpo]

Show More

Related Articles

Back to top button