
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် နိုင်ငံရေးပါတီများ ပြည်သူလူထုနှင့်တွေ့ဆုံပြီး မဲဆွယ်စည်းရုံးဟောပြောမှုများကို အပြိုင်အဆိုင် ပြုလုပ်နေကြသည်။ ရပ်ကွက်အချို့နှင့် ကျေးရွာအုပ်စုအားလုံး ရွေးကောက်ပွဲဖျက်သိမ်းခံလိုက်ရသည့် တောင်ကုတ်မြို့နယ်တွင် မြို့ပေါ်လေးရပ်ကွက်သာ မဲပေးခွင့်ရရှိမည်ဖြစ်သောကြောင့် နိုင်ငံရေးပါတီများအနေဖြင့် အခုလိုမဲဆွယ်စည်းရုံးမှုများကို အပြိုင်အဆိုင်ပြုလုပ်လာကြခြင်း ဖြစ်သည်။
သတင်းနှင့်ရိုက်ကူး – စိုးဇံအောင်၊ ဇေယျာမော်/Myanmar Now
[youtube https://youtu.be/WzP30DcCYZE]